ပထမဆုံး ရန်ကုန်- ကန်ပက်လက် တိုက်ရိုက်ဘစ်ကားကို (၁၅)ရက်တွင်စတင်ပြေးဆွဲမယ်

ရန်ကုန်မှ ကန်ပက်လက်မြို့သို့ ပြေးဆွဲမယ့် မန္တလာမင်းဘစ်ကားကို ဇန်နဝါရီ (၁၅)ရက်ညနေ (၄)နာရီတွင် စတင်ပြေးဆွဲတော့မယ်လို့ သတင်းရရှိပါတယ်။

ယခင်က ရန်ကုန်မှ ကန်ပက်လက်သို့သွားလိုပါက ရန်ကုန်-ချောက်၊ ချောက်-ကန်ပက်လက်သို့ ကားနှစ်ဆင့်စီးမှသာ ရောက်နိုင်ပါတယ်။

ဖွင့်ပွဲကို ကန်ပက်လက်မြို့ မြို့မရပ်ကွက်တွင် ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်တေးသံရှင် အဆိုတော်ဇော်ပိုင်၊ ဩရသ၊ သျှန်ထွန်း(မြန်မာစာ)၊ ဆုန်သင်းပါ၊ ဆုပန်ထွာတို့မှဖျော်ဖြေကြမှာဖြစ်ပါတယ်။

ဖွင့်ပွဲနေ့တွင် ကန်ပက်လက်မှ ရန်ကုန်သို့ တစ်စီး၊ ရန်ကုန်မှ ကန်ပက်လက်သိုှ့ တစ်စီး ထွက်မှာဖြစ်ပြီး နေ့တိုင်းပြေးဆွဲဖို့စီစဉ်ထားတယ်လို့ ကန်ပက်လက်မြို့က မန္တလာမင်းဂိတ်မှူးထံမှသိရပါတယ်။

Zalen ad

ရန်ကုန်-ကန်ပက်လက်ထိ ယာဉ်စီးခကတော့ နှစ်သောင်းဖြစ်ပါတယ်။ ကားနှစ်ဆင့်စီးရင်တော့ ယာဉ်စီးခ ၁၈၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

ကန်ပက်လက်မြို့ဟာ ချင်းပြည်နယ်ရဲ့ ခရီးသွားလာရေးဖွံ့ဖြိုးမှုအရှိဆုံးမြို့နယ်ဖြစ်ပြီး အဓိက ခေါ်နူးစုမ်တောင်ပေါ်သို့လာရောက်လည်ပတ်သူများပါတယ်။

ဒါ့ပြင် ဇန်နဝါရီလ (၂၅)ရက်ကနေ (၂၆)ရက်ထိ ကန်ပက်လက်မြို့မှာ လောက်နူးမြေ ရိုးရာယဉ်ကျေးမှု နဲ့ ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ချင်းပြည်နယ်အစိုးရနဲ့ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဦးဆောင်မှုနဲ့ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်