ပထမဆုံး ရန်ကုန်- ကန်ပက်လက် တိုက်ရိုက်ဘစ်ကားကို (၁၅)ရက်တွင်စတင်ပြေးဆွဲမယ်

ရန်ကုန်မှ ကန်ပက်လက်မြို့သို့ ပြေးဆွဲမယ့် မန္တလာမင်းဘစ်ကားကို ဇန်နဝါရီ (၁၅)ရက်ညနေ (၄)နာရီတွင် စတင်ပြေးဆွဲတော့မယ်လို့ သတင်းရရှိပါတယ်။

ယခင်က ရန်ကုန်မှ ကန်ပက်လက်သို့သွားလိုပါက ရန်ကုန်-ချောက်၊ ချောက်-ကန်ပက်လက်သို့ ကားနှစ်ဆင့်စီးမှသာ ရောက်နိုင်ပါတယ်။

ဖွင့်ပွဲကို ကန်ပက်လက်မြို့ မြို့မရပ်ကွက်တွင် ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်တေးသံရှင် အဆိုတော်ဇော်ပိုင်၊ ဩရသ၊ သျှန်ထွန်း(မြန်မာစာ)၊ ဆုန်သင်းပါ၊ ဆုပန်ထွာတို့မှဖျော်ဖြေကြမှာဖြစ်ပါတယ်။

ဖွင့်ပွဲနေ့တွင် ကန်ပက်လက်မှ ရန်ကုန်သို့ တစ်စီး၊ ရန်ကုန်မှ ကန်ပက်လက်သိုှ့ တစ်စီး ထွက်မှာဖြစ်ပြီး နေ့တိုင်းပြေးဆွဲဖို့စီစဉ်ထားတယ်လို့ ကန်ပက်လက်မြို့က မန္တလာမင်းဂိတ်မှူးထံမှသိရပါတယ်။

ရန်ကုန်-ကန်ပက်လက်ထိ ယာဉ်စီးခကတော့ နှစ်သောင်းဖြစ်ပါတယ်။ ကားနှစ်ဆင့်စီးရင်တော့ ယာဉ်စီးခ ၁၈၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

ကန်ပက်လက်မြို့ဟာ ချင်းပြည်နယ်ရဲ့ ခရီးသွားလာရေးဖွံ့ဖြိုးမှုအရှိဆုံးမြို့နယ်ဖြစ်ပြီး အဓိက ခေါ်နူးစုမ်တောင်ပေါ်သို့လာရောက်လည်ပတ်သူများပါတယ်။

ဒါ့ပြင် ဇန်နဝါရီလ (၂၅)ရက်ကနေ (၂၆)ရက်ထိ ကန်ပက်လက်မြို့မှာ လောက်နူးမြေ ရိုးရာယဉ်ကျေးမှု နဲ့ ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ချင်းပြည်နယ်အစိုးရနဲ့ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဦးဆောင်မှုနဲ့ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်