ပထမဆုံး အမေရိကန်သာသနာပြုဆရာတော်များရဲ့ အုတ်ဂှုကိုပြန်လည်ပြုပြင်ပြီး ဖွင့်လှစ်

ချင်းပြည်နယ်မှာ ကျရောက်တဲ့ ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ်ကြောင့် အက်ကွဲသွားတဲ့ ပထမဆုံး အမေရိကန်နှစ်ခြင်းသာသနာပြုဆရာတော်များရဲ့ အုတ်ဂှုကိုပြန်လည်ပြုပြင်ပြီး အောက်တိုဘာ(၆)ရက်နေ့မှာ ဟားခါးမြို့တွင် အခမ်းအနားနဲ့ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

၂၀၁၅ ခုနှစ် သြဂုတ်လမှာ သာသနာပြုဆရာတော်များရဲ့အုတ်ဂှု အက်ကွဲနေတာတွေ့ရစဉ်(Photo: Rev. Thang Tin Sum)

ယင်းအုတ်ဂှုဟာ ပထမဆုံးချင်းပြည်နယ်မှာ သာသနာပြုတဲ့ အမေရိကန်နှစ်ခြင်းအဖွဲ့က သာသနာပြုဆရာများ၊ ဂုဏ်ပြုထိုက်တဲ့ ပထမဆုံးချင်းခရစ်ယာန်ဆရာတော်များမြုပ်နှံထားရာနေရာလည်းဖြစ်ပါတယ်။

ဟားခါးနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့အစည်းက လူငယ်ဌာနအတွင်းရေးမှူး ပါစတာဗန်တလိန်းထန်က “အရင်က အုတ်ဂှုတွေကိုနေရာမရွေ့ပဲ ပြန်လည်ပြုပြင်ပြီးတော့ဆောက်ထားတာပါ။ ဖွင့်ပွဲကိုတော့ အုတ်ဂှုတွေပြုပြင်ဖို့ကူညီထောက်ပံ့ပေးတဲ့ အမေရိကန်က ချင်းနှစ်ခြင်းခရစ်အဖွဲ့ကအတွင်းရေးမှူးနဲ့ ဟားခါးနှစ်ခြင်းအဖွဲ့က အတွင်းရေးမှူးတွေဖြစ်တယ်”လို့ပြောပါတယ်။

ဟားခါးမြို့က အမေရိကန်သာသနာပြုဆရာတော်များအုတ်ဂှုအားတွေ့ရစဉ်

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်