ပလက်ဝမြို့ လေယာဉ်ကွင်းအတွက် မြေနေရာကို နေပြည်တော် တာဝန်ရှိသူများကကွင်းဆင်း

ပလက်ဝမြို့ မြို့ပြစီမံကိန်းနဲ့လေယာဉ်ကွင်းအဆိုပြုမြေနေရာတွေကို နေပြည်တော်ရှိ အိုးအိမ်ဦးစီးဌာန၊ ဒုညွန်ကြားရေးမှူးဦးဆောင်ပြီး မေလ(၅)ရက်မှာ ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့သိရပါတယ်။

 “အခုကွင်းဆင်းလာတာက အဆိုပြုစီမံကိန်းပဲရှိသေးတယ်။ သူတို့ကတော့ လေယာဉ်ကွင်းအတွက် ကောင်းတယ်လို့ပြောပါတယ်။ ဒီဟာတွေကို အထက်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်ရရင် အကောင်အထည်ဖော်တော့မယ်”လို့ ပလက်ဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ Van Za Uk (ဗန်ဇာအုပ်)ကပြောတယ်။

လေယာဉ်ကွင်းတည်ဆောက်ဖို့ ပလက်ဝမြို့ကနေ ငါးမိုင်ခန့်အကွာ ကြက်ယက်ကိုင်းရွာအနီးမှာဖြစ်ပြီး ပေ သုံးထောင်လောက်ရှည်ပါတယ်။ ပလက်ဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြစီမံကိန်းအတွက် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ သိန်းသုံးထောင်ယာထားတယ်လို့သိရပါတယ်။

 

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်