ပလက်ဝစစ်ဘေးရှောင်တွေအရေးပေါ်ပစ္စည်းသိန်း (၅၀)ဖိုးကို ကလေးမြို့မှ မနက်ဖြန် ပို့မယ်

ကလေးမြို့ အရပ်ဖက်အဖွဲ့အစည်းတွေကောက်ခံရရှိတဲ့ အလှူပစ္စည်းတွေကို ပလက်ဝမြို့နယ် ဆမီးမြို့မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို မနက်ဖြန် ကလေးမြို့ကနေ ပေးပို့သွားမယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့မှ ဆမီးမြို့သို့လိုက်ပါသွားမယ့် ကိုထားသွောင်က “အရေးပေါ်အသုံးဆောင်ပဲတင်မယ်။ ဆန်တွေမပါနိုင်သေးဘူး။ မနက်ဖြန် ကားတစ်စီးနဲ့ လူ (၃)ယောက်လိုက်သွားမယ်။ ပစ္စည်းတွေက တန်ဖိုးအားဖြစ် သိန်း (၅၀)ဖိုးလောက်ဖြစ်မယ်။ ဆေးဝါးပစ္စည်းတွေပဲ သိန်း (၂၀)ဖိုးလောက်ရှိမယ်။ အဲ့ဆေးဝါးတွေကို မတူပီဆေးရုံနဲ့ ဆမီးဆေးရုံကို ပို့မယ်။ ဆမီးကိုတော့ ကြာသပတေးနေ့ရောက်မယ်လို့မှန်းထားတယ်” လို့ပြောပါတယ်။

အခု ခရီးစဉ်ဟာ မြန်မာနိင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွ့ဲ ( MATA)၊ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့် )၊ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ချင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလေး)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒုတိယ ခရီးစဉ် အနေဖြင့် ကလေးမြို့အလှူခံမဏ္ဍပ်မှတစ်ဆင့် ရရှိလာတဲ့ အလှူငွေနဲ့ ဆန် အိတ် ၂၀၀ ကျော်ကို မတ်လ နောက်ဆုံးပတ်တွင် သွားရောက်လှူဒါန်းကြမယ်လို့သိရပါတယ်။

(Zawgyi)

ပလက္ဝစစ္ေဘးေရွာင္ေတြအေရးေပၚပစၥည္းသိန္း (၅၀)ဖိုးကို ကေလးၿမိဳ႕မွ မနက္ျဖန္ ပို႔မယ္

ကေလးၿမိဳ႕ အရပ္ဖက္အဖြဲ႔အစည္းေတြေကာက္ခံရရွိတဲ့ အလွဴပစၥည္းေတြကို ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕မွာေရာက္ရွိေနတဲ့ စစ္ေဘးေရွာင္ေတြကို မနက္ျဖန္ ကေလးၿမိဳ႕ကေန ေပးပို႔သြားမယ္လို႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕မွ ဆမီးၿမိဳ႕သို႔လုိက္ပါသြားမယ့္ ကိုထားေသြာင္က “အေရးေပၚအသုံးေဆာင္ပဲတင္မယ္။ ဆန္ေတြမပါႏိုင္ေသးဘူး။ မနက္ျဖန္ ကားတစ္စီးနဲ႔ လူ (၃)ေယာက္လိုက္သြားမယ္။ ပစၥည္းေတြက တန္ဖိုးအားျဖစ္ သိန္း (၅၀)ဖိုးေလာက္ျဖစ္မယ္။ ေဆးဝါးပစၥည္းေတြပဲ သိန္း (၂၀)ဖိုးေလာက္ရွိမယ္။ အဲ့ေဆးဝါးေတြကို မတူပီေဆးရံုနဲ႔ ဆမီးေဆးရံုကို ပို႔မယ္။ ဆမီးကိုေတာ့ ၾကာသပေတးေန႔ေရာက္မယ္လို႔မွန္းထားတယ္” လို႔ေျပာပါတယ္။

အခု ခရီးစဥ္ဟာ ျမန္​မာနိင္​ငံ ပြင္​့လင္​းျမင္​သာမႈန႔ဲ တာဝန္​ယူမႈ တာဝန္​ခံမႈဆိုင္​ရာ အရပ္​ဘက္​ မဟာမိတ္​အဖြ႕ဲ ( MATA)၊ ၈၈ မ်ိဳးဆက္​ ( ၿငိမ္​း/ပြင္​့ )၊ ဆန္​စက္​ လုပ္​ငန္​း႐ွင္​မ်ားအသင္​း၊ ခ်င္​းတကၠသိုလ္​ေက်ာင္​းသားမ်ားသမဂၢ(ကေလး)တို႔ ပူး​ေပါင္​း​ေဆာင္​ရြက္​ျခင္​းျဖစ္​ပါတယ္။

ဒုတိယ ခရီးစဥ္​ အ​ေနျဖင္​့ က​​ေလးၿမိဳ႕အလႉခံမ႑ပ္​မွတစ္​ဆင္​့ ရ႐ွိလာတဲ​့ အလႉ​ေငြန႔ဲ ဆန္​ အိတ္​ ၂၀၀ ​ေက်ာ္​ကို မတ္​လ ​ေနာက္​ဆုံးပတ္​တြင္​ သြား​ေရာက္​လႉဒါန္​းျကမယ္လုိ႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်