ပလက်ဝနဲ့ ကန်ပက်လက်မြို့တွင် ကိုဗစ်ရောဂါပိုးတွေ့လူနာသစ် ၁၄ ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ကန်ပက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ ယနေ့ဇူလိုင် ၂၃ ရက်တွင်စစ်ဆေးရာ ပလက်ဝတွင် ၁၀ ဦး၊ ကန်ပက်လက်တွင် ၇ ဦးစစ်ဆေးရာ ၄ ဦးထံ ကိုဗစ်ပိုးတွေ့ရှိသွားတယ်လို့သတင်းရရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများကို ကန်ပက်လက် ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိပြီး လက်ရှိ ကုသဆဲကိုဗစ်လူနာ စုစုပေါင်း ၁၄ ဦးရှိပါတယ်။

ဒီနေ့တွေ့ရှိတဲ့ ကိုဗစ်လူနာသစ်တွေနဲ့ထိတွေ့သူများအားလုံးကို Home Quarantine ထားရှိကြပါတယ်။

ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင်လည်း ကိုဗစ် ရောဂါကုသဆဲလူနာ ၁၀၈ ဦးရှိပါတယ်။
ပလက်ဝဆေးရုံတွင် အောက်ဆီဂျင်စက်၊ Oximeter, Blood pressure ကိရိယာ၊ Test Kit ၊ 95 Mask, surgical mask, faceshield, hand gel, Apron တွေလိုအပ်နေပါတယ်။

(Zawgyi)





နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်