ပလက်ဝနဲ့ မင်းတပ်မှာ ဝမ်းကိုက်ရောဂါကြောင့် သေဆုံးသူ ၁၄ ဦးခန့်ထိရှိလာ

၁၇၊ ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ မင်းတပ်မြို့နယ်တို့မှာ ဝမ်းကိုက်ရောဂါ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၄ ဦးခန့်ရှိတယ်လို့ ချင်းကျန်းမာရေးအဖွဲ့(CHO) က မနေ့ ဇွန်လ ၁၆ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

လူတွေကြား ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ ပိုးက ကူးစက်ခံရပြီး ၂ နာရီကနေ ၅ ရက်အတွင်း လက္ခဏာ ပြပြီး အမြန်ဆုံး ထိရောက်တဲ့ ကုသမှု မခံယူပါက ၃၀-၅၀ ရာခိုင်နှုန်းက သေဆုံးနိုင်ပြီးတော့ ကုသမှု အချိန်မီပါက သေဆုံးမှုနှုန်း တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်လို့ CHO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ ရောဂါဖြစ်ပွားတာဟာ ပလက်ဝနဲ့ မင်းတပ်နယ်စပ်အကြား ဒိုင်ရ်ဒေသမှာ ဖြစ်ပွားတာဖြစ်ပြီး ဖြစ်ပွားနှုန်းနဲ့ သေဆုံးမှုဟာ ရက်ပိုင်းတွင်း ပိုတိုးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရာသီဥတုကလည်း မမှန်၊ သောက်သုံးရေကလည်း မသန့်ဘူး။ ဆေးဝါးတွေကလည်း မရှိဘူး။ ဝယ်ဖို့ဆိုလည်း မရှိသလို လမ်းကြောင်းတွေကလည်း မလွယ်ဘူး။ ရောဂါက ကလေးကအစ လူကြီးတွေအထိ ဖြစ်ကြတာပါ။”လို့ ပလက်ဝဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ရောဂါနဲ့ပတ်သက်ပြီး CHO က အပြင်စာ၊ ဟင်းကျန်၊ ထမင်းကျန် မစားဘဲ အစာကို ယင်လုံအောင် သိမ်းဆည်းထားပြီး နို့တိုက်ကလေးတွေကို အမေနို့တမျိုးတည်း တိုက်ရမယ်လို့ လမ်းညွန်ထားပါတယ်။

အဲ့ဒါပြင် ယင်လုံအိမ်သာ သုံးပြီး အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးကာ ဝမ်းလျှောတာနဲ့ ကျန်းမာရေးဝန်ထမ်းဆီ ချက်ချင်းပြဖိုနဲ့ ဓာတ်ဆားရေကို ချက်ချင်းသောက်သုံးဖို့ ဖြစ်ပါတယ်။

ဓာတ်ဆားမရှိပါက ဆားနဲ့ သကြားကို ဖျော်သောက်ပြီးတော့ ရေကို ကျိုချက်ပြီး သောက်ရမယ်ဖြစ်ပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

တမူးမြို့ ပြည်သူ့ ဆေးရုံမှာ သက်တမ်းလွန် ဆေးဝါးတွေ အသုံးပြုနေ

၂၆၊ဇွန် ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ ပြည်သူ့ ဆေးရုံမှာ သက်တမ်း ကုန်ဆုံးနေတဲ့ ဆေးဝါးများကို အသုံးပြုနေတယ်လို့ သိရပါတယ်။ ” သူငယ်ချင်း အမေ ကို ဆေးရုံသွားပြတာ။ ဆရာမတွေက ဆေးပုလင်း ချိတ်ပေးတယ်။ ...

ဆက်ဖတ်ရန်