ပလက်ဝမြို့နယ်တွင် AA ကခေါ်ဆောင်သွားတဲ့ဒေသခံ (၈၂)ဦးအရေးကူညီရန် ချင်းပြည်နယ်အစိုးရက NRPC သို့စာပေးပို့

၂၀၁၉၊ နိုဝင်ဘာ (၂)
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော် (AA) ကဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ (၈၂)ဦး ပြန်လည်လွတ်မြောက်နိုင်ဖို့ ကူညီရန် ချင်းပြည်နယ်အစိုးရက ချင်းပြည်နယ်အစိုးရအဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံစာပေးပို့ထားတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ (၃၁)ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားတယ်လို့ Eleven Media ကဖော်ပြထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကို ယနေ့တွင် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းပိတ်ထားပါတယ်။

အေအေ ဖမ်းဆီးထားတဲ့ ၈၂ ဦးစာရင်းတွင် ယခင်က အေအေဖမ်းဆီးပြီးပြန်လွှတ်ပေးတဲ့ ဆုထူးစံကုမ္ပဏီဝန်ထမ်းများနဲ့ ကင်းတလင်းရွာသား ၅၄ ဦးမပါဝင်ဘူးလို့ ဝန်ကြီးဦးစိုးထက်က အောက်တိုဘာလ (၂၁)ရက်တွင် The Ladies News ကိုပြောပါတယ်။

Zalen ad

ယင်းစာရင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့စာရင်းဖြစ်ပြီး ၎င်းတို့ထဲတွင် ကျောင်းသား၊သူ ၆၀ ကျော်လည်းပါဝင်တယ်လို့ဆိုပါတယ်။

ဒါ့ပြင် အောက်တိုဘာလ (၂၇)ရက်ညနေ ၉ နာရီခန့်တွင် အေအေတပ်ဖွဲ့က ပလက်ဝမြို့နယ် ပွီဝုန်းကျေးရွာက ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Khumi Media ကရေးသားဖော်ပြထားပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္တြင္ AA ကေခၚေဆာင္သြားတဲ့ေဒသခံ (၈၂)ဦးအေရးကူညီရန္ ခ်င္းျပည္နယ္အစိုးရက NRPC သို႔စာေပးပို႔

၂၀၁၉၊ ႏိုဝင္ဘာ (၂)
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ရကၡိဳင့္တပ္မေတာ္ (AA) ကဖမ္းဆီးေခၚေဆာင္သြားတဲ့ ေဒသခံ (၈၂)ဦး ျပန္လည္လြတ္ေျမာက္ႏိုင္ဖို႔ ကူညီရန္ ခ်င္းျပည္နယ္အစိုးရက ခ်င္းျပည္နယ္အစိုးရအဖြဲ႕က အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ထံစာေပးပို႔ထားတယ္လို႔ သတင္းရရွိပါတယ္။

ေအာက္တိုဘာ (၃၁)ရက္ေန႔ကျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲတြင္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားတယ္လို႔ Eleven Media ကေဖာ္ျပထားပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္ စည္ပင္ဝန္ႀကီး ဦးစိုးထက္ကို ယေန႔တြင္ ဖုန္းဆက္ေမးျမန္းေသာ္လည္း ဖုန္းပိတ္ထားပါတယ္။

ေအေအ ဖမ္းဆီးထားတဲ့ ၈၂ ဦးစာရင္းတြင္ ယခင္က ေအေအဖမ္းဆီးၿပီးျပန္လႊတ္ေပးတဲ့ ဆုထူးစံကုမၸဏီဝန္ထမ္းမ်ားနဲ႔ ကင္းတလင္း႐ြာသား ၅၄ ဦးမပါဝင္ဘူးလို႔ ဝန္ႀကီးဦးစိုးထက္က ေအာက္တိုဘာလ (၂၁)ရက္တြင္ The Ladies News ကိုေျပာပါတယ္။

ယင္းစာရင္းမွာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္မွ စက္တင္ဘာ ၁၄ ရက္အထိ AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတဲ့စာရင္းျဖစ္ၿပီး ၎တို႔ထဲတြင္ ေက်ာင္းသား၊သူ ၆၀ ေက်ာ္လည္းပါဝင္တယ္လို႔ဆိုပါတယ္။

ဒါ့ျပင္ ေအာက္တိုဘာလ (၂၇)ရက္ညေန ၉ နာရီခန႔္တြင္ ေအေအတပ္ဖြဲ႕က ပလက္ဝၿမိဳ႕နယ္ ပြီဝုန္းေက်း႐ြာက ပညာေရးအေထြေထြဝန္ထမ္း ဦးေတာင္ပန္ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ Khumi Media ကေရးသားေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်