ပလက်ဝမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး

မတ် ၃၀၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရကာတယ်။

မနေ့ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

Zalen ad

တိုက်ပွဲမရှိဘဲ စစ်ကောင်စီဟာ ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးဖြင့် ကြောင်ချောင်းရွာကို ဗုံးသီးတွေ ကြဲချခဲ့ခြင်းဖြစ်ပြီး၊ ဗုံးသီးတွေဟာ ရွာအစွန်ပိုင်းရှိ လူနေအိမ်များအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းအနီးအနားမှာ နေထိုင်တဲ့ ဒေသခံအရပ်သား ၆ ဦးမှာ ဗုံးစထိမှန်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လက်ရှိမှာ နီးစပ်ရာ ဆေးကုသဆောင်တွေမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုများရှိခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ်အချို့လည်း ဗုံးစထိမှန် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ။

စစ်ကောင်စီတပ်ဟာ ပုံမှန်အခြေအနေအတိုင်း သွားလာလှုပ်ရှားနေတဲ့ အချိန်ဖြစ်ပေမဲ့ အခုလို ရုတ်တရက် လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

တပ်ချုပ်အသစ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူခဲ့တဲ့ ၁၅နှစ်တာဟာ ခေတ်မီတပ်မ​တော်ဖြစ်​ခဲ့​ကြောင်း ချီးကျူးစကားဆို

မတ် ၃၀၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မတ်လ ၃၀ ရက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ အနားယူလိုက်ပြီး မင်းအောင်လှိုင်ရဲ့လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အသစ်အဖြစ် တာ၀န်လွှဲ‌ ပြောင်းလိုက်ပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖချုပ်) ...

ဆက်ဖတ်ရန်