ပလက်ဝမြို့နယ်မှာ ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်လို့ သေဆုံးမှုအထိရှိလာ

ဇွန်လ ၁၂ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မိုးတွင်းရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်လို့ သေဆုံးမှုတဲ့အထိ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလက်ဝမြို့နယ် လေးမြို့ချောင်းတလျောက်နဲ့ သံထောင်ကျေးရွာအနီးနား ဝန်းကျင်မှာ မိုးတွင်းကာလ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဒေသခံ ပြည်သူအများပြား ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်ပွားနေပြီး သေဆုံးမှုအထိ ရှိလာတယ်လို့ သိရပါတယ်။

Zalen ad

“မိုးရွာလိုက်၊ မိုးတိတ်လိုက်၊ နေပူလိုက်နဲ့ ရာသီဥတုကလည်း မမှန်ဘူး။ ရေတွေကလည်း မသန့်ရှင်းတော့ ဒီအတိုင်း ခပ်သောက်ကြတော့ လူတွေက ဝမ်းပျက်၊ ဝမ်းလျော့ အရမ်းဖြစ်ကြတယ်။ မနေ့က အောက်သံထောင်ရွာမှာ တစ်ယောက်ဆုံးသွားတယ်။”လို့ သံထောင်ဒေသ တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ လေးမြို့ချောင်းတလျောက်နဲ့ သံထောင်ကျေးရွာအနီးနား ကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာ မိုးတွင်း သောက်သုံးရေ မသန့်ရှင်းမှုနဲ့ ဆေးဝါးတွေ လုံလုံလောက်လောက်မရှိတာကြောင့် ဝမ်းပျက်၊ ဝမ်းလျော့ဖြစ်ပွားမှုနှုန်းဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)က အဲ့ဒီ ကျေးရွာဒေသခံတွေကို ဆေးဝါးသယ်ယူခွင့် မပေးတဲ့အပြင် ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“ဆေးလည်း သယ်ဖို့ AA ဂိတ် က ခွင့်မပြုဘူး။ ခရီးသွားပြည်သူနဲ့ ကုန်သည်တွေကိုလည်း စစ်ဆေးမှုတွေ အရမ်းတင်းကြပ်ထားတယ်။ အခု လေးမြို့ချောင်းတလျောက်နဲ့ သံထောင်ကျေးရွာအနီးနား ရွာတွေမှာ ဆေးတွေ ပြတ်နေကြပြီ။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လေးမြို့ချောင်းတလျောက်နဲ့ သံထောင်ကျေးရွာအနီးနား ကျေးရွာတွေမှာ အာရက္ခတပ်တော်(AA)နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်-ဒိုင်ရ်တို့ လှုပ်ရှားရာနယ်မြေလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်