ပလက်ဝမြို့ပေါ်တွင် ဆန်ပြတ်လပ်လုနီးပါးဖြစ်ပြီး ဆန်ဈေးတက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကြားတွင် တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေတာကြောင့် ပလက်ဝကနေ စက်လှေမထွက်နိုင်တာ (၅)ရက်ကြာပြီလို့သတင်းရရှိပါတယ်။

ပလက်ဝမြို့နယ်ပြည်သူတွေစားသုံးတဲ့ဆန်တွေအားလုံးဟာ ကျောက်တော်ကနေ စက်လှေနဲ့တင်ပို့ခဲ့ကြပါတယ်။ ဒါကြောင့် အခုလို တိုက်ပွဲကြောင့် ရေလမ်းကြောင်းသွားလို့မရတော့တဲ့တွက် ပလက်ဝတွင် ဆန်ဈေးလည်းတက်နေပါတယ်။

ပလက်ဝမြို့ပေါ်တွင် ဈေးရောင်းဝယ်သူတစ်ဦးက “ဆန်ကို စက်လှေကပဲတင်လာတယ်။ ခုတော့ နယ်မြေမလုံခြုံတာကြောင့် ကားကော၊ စက်လှေကော အဝင်အထွက်မရှိတော့ဘူး။ အခု ဆိုင်တွေအားလုံးက လက်ကျန်တွေရောင်းတယ်ဆိုင် ၃၊ ၄ ရက်လောက်ပဲခံမယ်။ နောက်ထပ်တစ်ပတ်လောက် တိုက်ပွဲဆက်ဖြစ်ရင်တော့ ဆန်လည်းပြတ်သွားမယ်။ ကျနော့်ဆိုင်ဆိုရင် နာရီပိုင်းအတွင်း အိတ် (၂၀)ကုန်သွားတယ်။ အလုအယှက်လာဝယ်ကြတာနော်။ အရင်တုန်းကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပစ်နေတဲ့ကြားတဲ့ စက်လှေသွားတဲ့ချိန်ထိတော့ လူတွေတော်တော်လေးဒဏ်ရာရသွားတယ်။ အဲ့နောက်ပိုင်း တိုက်ပွဲဖြစ်ရင်မသွားကြတော့ဘူး” လို့ပြောပါတယ်။

ဆန်ဈေးတွေလည်း တစ်အိတ်ကို တစ်သောင်းမှ တစ်သောင်းခွဲထိတက်နေပြီး ကြက်ဥဈေးတွေလည်းတက်နေပါတယ်။

လက်ရှိတွင် အေအေ နဲ့ တပ်မတော်ဟာ ပလက်ဝမှ ကျောက်တော်ဘက်ကိုသွားတဲ့ လမ်း တင်းမရွာနဲ့ မီးချောင်းရွာအနီးမှာ ကုလာတန်မြစ်ကမ်းနှစ်ဖက်ကနေ ပစ်ခတ်နေကြပါတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ ပလက်ဝမြို့ကနေ ကားနဲ့သွားရင် ၄၅ မိနစ်သာမောင်းရပါတယ်။

ပလက်ဝကနေ မတူပီဘက်သွားတဲ့ကားလမ်းဟာလည်း အေအေလက်နက်ကိုင်တွေရှိတာကြောင့် သွားလာလို့မရနိုင်ပါ။

ဆက်လက်ပြီး ပလက်ဝမြို့တွင် ဆန်ရောင်းဝယ်သူတစ်ဦးက “အခုကျနော်ပြောနေတာက မြို့ပေါ်အခြေအနေပဲပြောတာ။ မြို့ပေါ်ဆိုတာ ဘာမဆိုအလွယ်ရတဲ့နေရာ နယ်တွေမှာဆို ဒီထက်အတော်လေးအခြေအနေဆိုးမယ်ဆိုတာပြောစရာတောင်မလိုတော့ဘူး။ အဓိကတော့ ဆန်ပဲ၊ ဆန်ရှိရင်တော့ ဒီဘက်မှာက ဖြစ်သလိုစားနိုင်ကြတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့ပေါ် ဆန်ဈေးကတော့ ဧမထဆန် တစ်အိတ်ကို အရင်က နှစ်သောင်းဈေးကို အခု သုံးသောင်းကျပ်၊ အရင်က ပေါ်ဆန်းမွှေးတစ်အိတ် လေးသောင်းမှ အခု ၅သောင်းနဲ့ ၅သောင်းခွဲကြားရောင်းချနေပါတယ်။

ဖေဖော်ဝါရီလ (၆)ရက်ကစပြီး ကျောက်တော် ပလက်ဝကြားစက်လှေဟာ အသွားအလာပိတ်ထားတာကြောင့် ပလက်ဝကိုတက်မယ့်သူ (၁၀၀)ကျော် ကျောက်တော်မြို့တွင်ပိတ်မိနေတယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြို့တွင် ဈေးရောင်းဝယ်သူများဟာ ထွေအုပ်ရဲ့ထောက်ခံချက်နဲ့ တစ်ယောက် ဆန်အိတ် (၅၀)သာဝယ်ယူလို့ရပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္ျပတ္လပ္လုနီးပါးျဖစ္ၿပီး ဆန္ေဈးတက္

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ၾကားတြင္ တပ္မေတာ္နဲ႔ ေအေအတပ္ဖြဲ႕တို႔တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ ပလက္ဝကေန စက္ေလွမထြက္ႏိုင္တာ (၅)ရက္ၾကာၿပီလို႔သတင္းရရွိပါတယ္။

ပလက္ဝၿမိဳ႕နယ္ျပည္သူေတြစားသုံးတဲ့ဆန္ေတြအားလုံးဟာ ေက်ာက္ေတာ္ကေန စက္ေလွနဲ႔တင္ပို႔ခဲ့ၾကပါတယ္။ ဒါေၾကာင့္ အခုလို တိုက္ပြဲေၾကာင့္ ေရလမ္းေၾကာင္းသြားလို႔မရေတာ့တဲ့တြက္ ပလက္ဝတြင္ ဆန္ေဈးလည္းတက္ေနပါတယ္။

ပလက္ဝၿမိဳ႕ေပၚတြင္ ေဈးေရာင္းဝယ္သူတစ္ဦးက “ဆန္ကို စက္ေလွကပဲတင္လာတယ္။ ခုေတာ့ နယ္ေျမမလုံၿခဳံတာေၾကာင့္ ကားေကာ၊ စက္ေလွေကာ အဝင္အထြက္မရွိေတာ့ဘူး။ အခု ဆိုင္ေတြအားလုံးက လက္က်န္ေတြေရာင္းတယ္ဆိုင္ ၃၊ ၄ ရက္ေလာက္ပဲခံမယ္။ ေနာက္ထပ္တစ္ပတ္ေလာက္ တိုက္ပြဲဆက္ျဖစ္ရင္ေတာ့ ဆန္လည္းျပတ္သြားမယ္။ က်ေနာ့္ဆိုင္ဆိုရင္ နာရီပိုင္းအတြင္း အိတ္ (၂၀)ကုန္သြားတယ္။ အလုအယွက္လာဝယ္ၾကတာေနာ္။ အရင္တုန္းကေတာ့ ဟိုဘက္ကမ္းနဲ႔ ဒီဘက္ကမ္းပစ္ေနတဲ့ၾကားတဲ့ စက္ေလွသြားတဲ့ခ်ိန္ထိေတာ့ လူေတြေတာ္ေတာ္ေလးဒဏ္ရာရသြားတယ္။ အဲ့ေနာက္ပိုင္း တိုက္ပြဲျဖစ္ရင္မသြားၾကေတာ့ဘူး” လို႔ေျပာပါတယ္။

ဆန္ေဈးေတြလည္း တစ္အိတ္ကို တစ္ေသာင္းမွ တစ္ေသာင္းခြဲထိတက္ေနၿပီး ၾကက္ဥေဈးေတြလည္းတက္ေနပါတယ္။

လက္ရွိတြင္ ေအေအ နဲ႔ တပ္မေတာ္ဟာ ပလက္ဝမွ ေက်ာက္ေတာ္ဘက္ကိုသြားတဲ့ လမ္း တင္းမ႐ြာနဲ႔ မီးေခ်ာင္း႐ြာအနီးမွာ ကုလာတန္ျမစ္ကမ္းႏွစ္ဖက္ကေန ပစ္ခတ္ေနၾကပါတယ္။ အခု တိုက္ပြဲျဖစ္တဲ့ေနရာဟာ ပလက္ဝၿမိဳ႕ကေန ကားနဲ႔သြားရင္ ၄၅ မိနစ္သာေမာင္းရပါတယ္။

ပလက္ဝကေန မတူပီဘက္သြားတဲ့ကားလမ္းဟာလည္း ေအေအလက္နက္ကိုင္ေတြရွိတာေၾကာင့္ သြားလာလို႔မရႏိုင္ပါ။

ဆက္လက္ၿပီး ပလက္ဝၿမိဳ႕တြင္ ဆန္ေရာင္းဝယ္သူတစ္ဦးက “အခုက်ေနာ္ေျပာေနတာက ၿမိဳ႕ေပၚအေျခအေနပဲေျပာတာ။ ၿမိဳ႕ေပၚဆိုတာ ဘာမဆိုအလြယ္ရတဲ့ေနရာ နယ္ေတြမွာဆို ဒီထက္အေတာ္ေလးအေျခအေနဆိုးမယ္ဆိုတာေျပာစရာေတာင္မလိုေတာ့ဘူး။ အဓိကေတာ့ ဆန္ပဲ၊ ဆန္ရွိရင္ေတာ့ ဒီဘက္မွာက ျဖစ္သလိုစားႏိုင္ၾကတယ္” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚ ဆန္ေဈးကေတာ့ ဧမထဆန္ တစ္အိတ္ကို အရင္က ႏွစ္ေသာင္းေဈးကို အခု သုံးေသာင္းက်ပ္၊ အရင္က ေပၚဆန္းေမႊးတစ္အိတ္ ေလးေသာင္းမွ အခု ၅ေသာင္းနဲ႔ ၅ေသာင္းခြဲၾကားေရာင္းခ်ေနပါတယ္။

ေဖေဖာ္ဝါရီလ (၆)ရက္ကစၿပီး ေက်ာက္ေတာ္ ပလက္ဝၾကားစက္ေလွဟာ အသြားအလာပိတ္ထားတာေၾကာင့္ ပလက္ဝကိုတက္မယ့္သူ (၁၀၀)ေက်ာ္ ေက်ာက္ေတာ္ၿမိဳ႕တြင္ပိတ္မိေနတယ္လို႔သတင္းရရွိပါတယ္။

ပလက္ဝၿမိဳ႕တြင္ ေဈးေရာင္းဝယ္သူမ်ားဟာ ေထြအုပ္ရဲ႕ေထာက္ခံခ်က္နဲ႔ တစ္ေယာက္ ဆန္အိတ္ (၅၀)သာဝယ္ယူလို႔ရပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်