ပါကစ္စတန်မြို့တော်မှာအသေခံဗုံးခွဲမှုအတွင်း လူ ၁၂ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

၁၂ ၊ နိုဝင်ဘာလ၊ ၂၀၂၅

Zalen

ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်ခရိုင်တရားရုံးတစ်ခုရဲ့အပြင်ဘက်မှာ မနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အသေခံဗုံးခွဲသူတစ်ဦးက သူ့ရဲ့ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး Mohsin Naqvi က တိုက်ခိုက်သူဟာ တရားရုံးအဆောက်အအုံအတွင်းပိုင်းကို ဝင်ရောက်ချင်ပေမယ့် မအောင်မြင်လို့မြို့တော် G-11 ဧရိယာရှိ အဆောက်အအုံဂိတ်တံခါးအနီးတွင် ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ဆိုပါ တယ်။

Zalen ad

အစ္စလာမာဘတ်ခရိုင် တရားစီရင်ရေး အဆောက်အအုံအနီး ဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးဝန်ထမ်းနဲ ရှေ့နေတစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မစ္စတာ နာကွီက ပြောကြားခဲ့ပေမယ့် ပါကစ္စတန် ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျု (Pakistan Institute of Medical Sciences – PIMS) ပြောရေးဆိုခွင့်ရှိသူ Mubahshir Daha က ဒဏ်ရာရရှိသူအရေအတွက်မှာ ၃၆ ဦးအထိတိုးမြင့်လာကြောင်းပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူ ၃၆ ဦးကို PIMS သို့ ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၁၈ ဦးမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကာ ၁၄ ဦးကို ရပ်ကွက်များသို့ ပြောင်းရွှေ့ခဲ့ပြီး ၃ ဦးကိုအရေးပေါ်ဌာနမှာထားရှိကာ တစ်ဦးက ခွဲစိတ်ခန်းအတွင်း ရှိနေကြောင်း Mr. Daha ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Dawn သတင်းစာတွင် ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုအသေးစိတ်အချက်အလက်များကို မျှဝေရာတွင် တိုက်ခိုက်သူဟာ ဖောက်ခွဲရေးပစ္စည်းများ မပေါက်ကွဲမီ တရားရုံးအပြင်ဘက်တွင် ၁၂ မိနစ်ခန့် ရပ်နေခဲ့ကြောင်း Naqvi မှ ပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့ပထမဦးစားပေးမှာ တိုက်ခိုက်သူအား ဖော်ထုတ်ရန်ဖြစ်ပြီးတိုက်ခိုက်သူအား ဖော်ထုတ်နိုင်တဲ့အခါ မီဒီယာနဲ့ မျှဝေပါမယ် လို့ Mr. Naqvi က ဆိုပါတယ်။

သမ္မတ Asif Ali Zardari နဲ့ ၀န်ကြီးချုပ် Shehbaz Sharif တို့က အသေခံဗုံးခွဲမှုအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကျန်ရစ်သူ မိသားစုများနဲ့အတူဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ လက်နက်မဲ့ နိုင်ငံသားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မစ္စတာ Shehbaz က ပြောကြားခဲ့ပြီး အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး တာဝန်ရှိ သူများအားလုံးကို တရားမျှတမှု ပေးမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြင့်လာတာကို တွေ့ရပြီး အများစုကတော့ ရဲတွေ၊ ဥပဒေ ထိန်းသိမ်းရေး ဝန်ထမ်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ ရက် ၊ တနင်္လာနေ့မှာလည်း အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော Khyber Pakhtunkhwa ပြည်နယ်တောင်ပိုင်း Waziristan ခရိုင်ရှိ Cadet ကောလိပ်ရဲ့ အဓိကဂိတ်ပေါက်မှာ အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ရာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကား – The Hindu

သတင်း – Mickey

ပုံအညွှန်း – အခင်းဖြစ်ပွားရာမြင်ကွင်း

ဓါတ်ပုံ – The Hindu

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်