ပြည်မတွင် စက်သုံးဆီဈေးနှုန်း ကျဆင်းလာသော်လည်း ပလက်ဝတွင် ဆက်လက်မြင့်တက်နေဆဲ

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၉ ရက်နေ့ကစပြီး စက်သုံးဆီဈေးနှုန်းများ ၂၀၀၀ အောက်ကို ပြန်လည်ကျဆင်းလာသော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ စက်သုံးဆီဈေးနှုန်းဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။

ပလက်ဝမြို့နယ်ဟာလည်း ချင်းပြည်နယ်က အခြားမြို့များလိုပဲ အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းများပုံမှန်ရောက်မှုမရှိတာ ၁ နှစ်နီးပါးရှိလာပြီး ယနေ့ချိန်အထိ ကုန်စည်စီးဆင်းမှု ပုံမှန်မရှိသေးသော မြို့တစ်မြို့ဖြစ်ပါတယ်။

“ဓာတ်ဆီ ၁ လီတာဗူးကို ၅၅၀၀ ပေးပြီးဝယ်ရတယ်။ ဒါတောင် အများကြီး ဝယ်လို့မရဘူး နည်းနည်းပါးပါးလောက်ပဲ ဝယ်လို့ရတယ်။ ဆီဈေးက ဒီလိုပဲ တက်နေတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရမဘူး၊ ဆီဈေးတက်တော့ ကုန်ဈေးနှုန်းတွေလည် အလိုလိုတက်လာတယ်လေ ဆိုတော့ အရင်ကလို ထမင်းဟင်းလည်း မစားရတော့ဘူးလေ” ဟု ပလက်ဝမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့တွင် လိုအပ်နေသော အခြေခံစားသောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ တစ်ဆင့်တင်သွင်းနေရပြီး AA နဲ့ စစ်ကောက်စီအကြား တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကျောက်တော်ရေကြောင်းလမ်းကို ပိတ်ထားပါက ပလက်ဝမြို့တွင် ကုန်ဈေးနှုန်းများ အလိုလိုမြင့်တက်သွားခဲ့ပြီး ပြီးခဲ့တဲ့လတွင် ဆန်တစ်အိတ်ကို ၁၂၀,၀၀၀ အထိ ဈေးတက်သွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်