ကလေးမြို့ ခံတပ်သိမ်းပွဲမှာ အဖမ်းခံရတဲ့လူတွေရဲ့ ထောင်တွင်းအတွေ့အကြုံ
၂၀၂၁ ခုနှစ် နွေရာသီ မနက်ပိုင်း ကလေးမြို့ ပြည်သူ့ခံတပ်ကို အကြမ်းဖက်သမားတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်သိမ်းတဲ့ချိန်မှာ လူငယ်အတော်များများအဖမ်းခံရပါတယ်။
အဖမ်းခံရစဉ် အတွေ့အကြုံကို အခုလိုပြန်ပြောပြကြပါတယ်။
ခံတပ်မှာ မျက်နှာကို အဝတ်စည်းပြီး၊ လက် ၂ ဘက် နောက်ပြန်ကြိုးတုတ်ပြီးတော့ စစ်ကားထဲမှာ အားလုံး မှောက်ခိုင်းပါတယ်။ စစ်ဖိနပ်နဲ့ ခေါင်းကိုနင်း။ မလှုပ်ရှားနိုင်အောင်၊ မထွက်ပြေးနိုင်အောင် ဆေး တမျိုးထိုးကြတယ်လို့လည်းပြောပါတယ်။
တပ်စခန်းရောက်တဲ့ချိန်မှာ အားလုံးကို ဒူးထောက်ပြီး တန်းစီးခိုင်းတယ်။ အကုန်လုံး လက်ပြန်ကြိုးတုတ်ပြီး မျက်နှာကိုအဝတ်နဲ့စည်းထားကြတယ်။
အကြမ်းဖက်သမားတစ်ယောက်က အားလုံးကို “နင်တို့ ဖင်ခံမလာ၊ အရိုက်ခံမလာ” လို့မေးလာပါတယ်။ ဖင်ခံမယ်ပြောရင် တကယ်လုပ်မလာမသိဘူး။
အားလုံးအရိုက်ခံမယ်လို့ပြောကြတော့ တခါထဲ လျှပ်စစ်ကြိုး၊ ရေပိုက်အပျော့စားတမျိုးနဲ့ ခန္ဒာကိုယ်ကြိုက်တဲ့နေရာမှာရိုက်ကြတော့တာပဲ။ ဘုတ်ဖိနပ်နဲ့လည်းကန်ကြ။ အဲ့ဒီလိုနဲ့ နာရီဝက်လောက်ကြာအောင် စိတ်ကြိုက်ဆော်ကြတယ်။ ဘယ်နယောက်က ဝိုင်းရိုက်တာလဲဆိုတာလည်းမသိဘူး။ ခေါင်းကနေ သွေးထွက်လာပေမယ့် သုတ်လို့မရတာကြောင့် ခေါင်း နဲ့ မျက်နှာမှာသွေးခဲတွေနဲ့။
ညမှာလည်း တစ်ညလုံး ဒူးထောက်ခိုင်းတယ်။ ဒူးထောက်ရင်းမျက်စိမှိတ်အိပ်ရတယ်။ ညတာဝန်ကျတွေက အပေါ့သွားရင်း အသွားမှာတကြိမ် အပြန်မှာတကြိမ်ဝင်ရိုက်တယ်။ အဲ့လိုနှိပ်စက်ကြတာ။ အရက်အနှံ့လည်းရတယ်။
ထမင်းဆိုရင်လည်း တစ်ရက်မှာ တကြိမ်ပဲ ကျွေးတယ်။ ဒါပေမယ့် စားလို့မရဘူး။ ထမင်းက အရည်ကျဲကျဲနဲ့ ကျဉ်းနေပြီ။ ဟင်းဆိုရင်လည်း ခရမ်းသီးပြုတ်ထားတာ မှိုတောင်တက်နေပြီ။
ပြန်မလွှတ်ခင်မှာ လက်မှတ်ထိုးခိုင်းတယ်။ စခန်းထဲမှာ နှိပ်စက်မှုမရှိဘူး၊ ထမင်းလည်းကောင်းကောင်းပုံမှန်ကျွေးတယ်၊ ကောင်းကောင်းဆက်ဆံတယ်ဆိုပြီးရေးထားတယ်။
ကျနော့်ဗိုက်ကို ကန်ကျောက်လို့ ၃လ၊ ၄လကြာတဲ့ထိ ထမင်းမစားနိုင်သေးဘူး။ အရည်တွေပဲသောက်လို့ရတယ်။ ပြီးတော့ ညအိပ်တဲ့ချိန်မှာ စခန်းထဲမှာနှိပ်စက်လို့ သူငယ်ချင်းတွေရဲ့ အော်သံတွေပဲကြားနေရတယ်။ ညတိုင်း စိတ်ငြိမ်ဆေးသောက်မှပဲအိပ်လို့ရတယ်။
Zawgyi
“ဖင္ခံမလာ၊ အရိုက္ခံမလာ”
ကေလးၿမိဳ႕ ခံတပ္သိမ္းပြဲမွာ အဖမ္းခံရတဲ့လူေတြရဲ႕ ေထာင္တြင္းအေတြ႔အၾကံဳ
၂၀၂၁ ခုႏွစ္ ေႏြရာသီ မနက္ပိုင္း ကေလးၿမိဳ႕ ျပည္သူ႔ခံတပ္ကို အၾကမ္းဖက္သမားေတြ လက္နက္ၾကီး လက္နက္ငယ္ေတြနဲ႔ ဝင္သိမ္းတဲ့ခ်ိန္မွာ လူငယ္အေတာ္မ်ားမ်ားအဖမ္းခံရပါတယ္။
အဖမ္းခံရစဥ္ အေတြ႔အၾကံဳကို အခုလိုျပန္ေျပာၿပၾကပါတယ္။
ခံတပ္မွာ မ်က္ႏွာကို အဝတ္စည္းၿပီး၊ လက္ ၂ ဘက္ ေနာက္ျပန္ၾကဳိးတုတ္ၿပီးေတာ့ စစ္ကားထဲမွာ အားလံုး ေမွာက္ခိုင္းပါတယ္။ စစ္ဖိနပ္နဲ႔ ေခါင္းကိုနင္း။ မလႈပ္ရွားႏိုင္ေအာင္၊ မထြက္ေျပးႏိုင္ေအာင္ ေဆး တမ်ဳိးထုိးၾကတယ္လုိ႔လည္းေျပာပါတယ္။
တပ္စခန္းေရာက္တဲ့ခ်ိန္မွာ အားလံုးကို ဒူးေထာက္ၿပီး တန္းစီးခိုင္းတယ္။ အကုန္လံုး လက္ျပန္ၾကိဳးတုတ္ၿပီး မ်က္ႏွာကိုအဝတ္နဲ႔စည္းထားၾကတယ္။ အၾကမ္းဖက္သမားတစ္ေယာက္က အားလံုးကို “နင္တုိ႔ ဖင္ခံမလာ၊ အရိုက္ခံမလာ” လို႔ေမးလာပါတယ္။ ဖင္ခံမယ္ေျပာရင္ တကယ္လုပ္မလာမသိဘူး။
အားလံုးအရိုက္ခံမယ္လို႔ေျပာၾကေတာ့ တခါထဲ လွ်ပ္စစ္ၾကိဳး၊ ေရပိုက္အေပ်ာ့စားတမ်ဳိးနဲ႔ ခႏၵာကိုယ္ၾကိဳက္တဲ့ေနရာမွာရိုက္ၾကေတာ့တာပဲ။ ဘုတ္ဖိနပ္နဲ႔လည္းကန္ၾက။ အဲ့ဒီလိုနဲ႔ နာရီဝက္ေလာက္ၾကာေအာင္ စိတ္ၾကိဳက္ေဆာ္ၾကတယ္။ ဘယ္နေယာက္က ဝိုင္းရိုက္တာလဲဆိုတာလည္းမသိဘူး။ ေခါင္းကေန ေသြးထြက္လာေပမယ့္ သုတ္လို႔မရတာေၾကာင့္ ေခါင္း နဲ႔ မ်က္ႏွာမွာေသြးခဲေတြနဲ႔။
ညမွာလည္း တစ္ညလံုး ဒူးေထာက္ခိုင္းတယ္။ ဒူးေထာက္ရင္းမ်က္စိမွိတ္အိပ္ရတယ္။ ညတာဝန္က်ေတြက အေပါ့သြားရင္း အသြားမွာတၾကိမ္ အျပန္မွာတၾကိမ္ဝင္ရိုက္တယ္။ အဲ့လိုႏွိပ္စက္ၾကတာ။ အရက္အႏွံ႔လည္းရတယ္။
ထမင္းဆိုရင္လည္း တစ္ရက္မွာ တၾကိမ္ပဲ ေကြ်းတယ္။ ဒါေပမယ့္ စားလို႔မရဘူး။ ထမင္းက အရည္က်ဲက်ဲနဲ႔ က်ဥ္းေနၿပီ။ ဟင္းဆိုရင္လည္း ခရမ္းသီးျပဳတ္ထားတာ မႈိေတာင္တက္ေနၿပီ။
ျပန္မလႊတ္ခင္မွာ လက္မွတ္ထိုးခိုင္းတယ္။ စခန္းထဲမွာ ႏွိပ္စက္မႈမရွိဘူး၊ ထမင္းလည္းေကာင္းေကာင္းပံုမွန္ေကၽြးတယ္၊ ေကာင္းေကာင္းဆက္ဆံတယ္ဆုိၿပီးေရးထားတယ္။
က်ေနာ့္ဗိုက္ကို ကန္ေက်ာက္လို႔ ၃လ၊ ၄လၾကာတဲ့ထိ ထမင္းမစားႏုိင္ေသးဘူး။ အရည္ေတြပဲေသာက္လုိ႔ရတယ္။ ၿပီးေတာ့ ညအိပ္တဲ့ခ်ိန္မွာ စခန္းထဲမွာႏွိပ္စက္လို႔ သူငယ္ခ်င္းေတြရဲ႕ ေအာ္သံေတြပဲၾကားေနရတယ္။ ညတိုင္း စိတ္ၿငိမ္ေဆးေသာက္မွပဲအိပ္လို႔ရတယ္။