ဖလမ်းမြို့နယ်မှာ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ဖို့ ကျေးရွာ (၁၀)ရွာသဘောတူ

Photo: Hlaing Tun
Photo: Moe Sian

ဖလမ်းမြို့နယ်မှာ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ဖို့ ကျေးရွာ (၁၀)ရွာသဘောတူ

ဖလမ်းမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာက အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ဖို့ ဇွန်လ (၂)ရက်နေ့က ဖလမ်းမြို့မှာကျင်းပတဲ့အစည်းအဝေးမှာသဘောတူကြပါတယ်။
ဖလမ်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်ဦးဆောင်မှုနဲ့ကျင်းပတဲ့ ကျေးအုပ်စု အုပ်ချုပ်ရေးမှူးတွေ့ဆုံပွဲမှာ Green Eden ကဦးဆောင်ပြီးအခုလို အစုအဖွဲ့ပိုင်သစ်တောပြုလုပ်ဖို့သဘောတူကြတာဖြစ်ပါတယ်။
Green Eden အဖွဲ့ဦးဆောင်သူ ဆရာထောင်ဘိတ်က “ရွာနာမည်တွေကတော့ အတိကျပြောလို့မရသေးဘူး။ ကျေးရွာ ၁၀ ရွာတော့ရှိတယ်။ ဒါပေမယ့် စာရင်းကအပြောင်းအလဲဖြစ်နိုင်တယ်။ အစုအဖွဲ့ပိုင်သစ်တောထူထောင်ရင်တော့ အနည်းဆုံး ရွာတစ်ရွာ ဧက ၂၀၀ ကျော်စီတော့လုပ်ရှိမယ်” လို့ပြောပါတယ်။
အစုအဖွဲ့ပိုင်သစ်တောထူထောင်ဖို့သဘောတူတဲ့ ဝေဘူလမြို့အုပ်ချုပ်ရေးမှူး ဦးငွန်ဆန်က “ရွာထိပ်တောင်က သတ္တုတွေလည်းရှိတယ်။ သစ်တောတွေလည်းရှိတယ်။ ဧကတော့များမယ်။ ဒီတောကို သားစဉ်မြေးဆက်အမွေဆက်ခံပေးစေချင်တယ်။ သံယဇာတတွေထိန်းသိမ်းချင်တယ်” လို့ပြောပါတယ်။
ဒါ့ပြင် ကျေးရွာအားလုံး ဒီနှစ်ဇွန်လကစပြီး သစ်ပင်တွေစိုက်ပျိုးကြဖို့သဘောတူကြပါတယ်။ Green Eden အဖွဲ့ဟာ ဖလမ်းမြို့အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင်စတင်ဖွဲ့စည်းထားပါတယ်။
အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရရှိပါက နှစ် (၃၀) မြေအသုံးချပိုင်ခွင့်ရရှိခြင်း၊ ဒေသခံများကိုယ်တိုင် သစ်တောနဲ့ သစ်တောမြေများကို စီမံအုပ်ချုပ်နိုင်ခြင်း၊ သစ်တော ထွက်ပစ္စည်းများ တရားဝင် အသုံးပြု၊ ရောင်းချနိုင်ခြင်း၊ သားစဉ်မြေးဆက် လွဲပြောင်းပေးနိုင် ပါတယ်။
အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရှိသူတွေကတော့ သစ်တောကို မှီခိုသူ၊ စိတ်ဝင်စားသူ ၊ တိုက်ရိုက်အကျိုးခံစားခွင့် ရသူ၊ သစ်တောများအတွင်း (သို့) ၅ မိုင်ပတ်လည်အတွင်း ၅ နှစ် တစပ်ဆက်တည်း အခြေချနေထိုင်သူတွေဖြစ်ရပါမယ်။
မြန်မာနိုင်ငံ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ၂၀၀၁ ခုနှစ်မှာ ၂၀၃၀ ခုနှစ်အထိ အစုအဖွဲ့ပိုင်သစ်တောဖွဲ့စည်းဖို့လျာထားချက်က ၂ ဒသမ ၂၇ မီလျံဧကဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ၁၇ နှစ်မှာ အစုအဖွဲ့ပိုင်သစ်တော ၅၄၆,၅၂၁ ဧက (၂၄ ရာခိုင်နှုန်း)ထိသာ အကောင်အထည်ဖော်နိုင်ပြီး ၇၆ ရာခိုင်နှုန်းကျန်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်