ဖလမ်းမြို့မှာ ဝက်နာကျသောကြောင့် ဝက် သုံးဆယ်ခန့်သေဆုံးပြီ

ဖလမ်းမြို့မှာ ဧပြီလဆန်းကနေ ဝက်နာကျတာကြောင့် ဒီကနေ့ထိ ဝက်သုံးဆယ်ခန့်သေဆုံးပြီလို့ ဒေသခံများထံမှသတင်းရရှိပါတယ်။

“ဒီနေ့ ကျနော်တို့ ဝက် အကြီးနှစ်ကောင်သေသွားတယ်။ ဝက်ကလေး ကိုးကောင်လည်း အရင်နေ့တွေတုန်းကသေသွားပြီ ။ မြေထဲမှာမမြုပ်ပဲနဲ့ အကောင်လိုက်လွှတ်ပစ်လိုက်တယ်”လို့ ဘလိုင်ရပ်ကွက်မှာနေထိုင်ပြီး ဝက်မွေးမြူးရေးလုပ်ကိုင်သူတစ်ယောက်ကဆိုပါတယ်။

ဒီဝက်နာကျရောဂါနဲ့ပတ်သက်ပြီးတော့ ဖလမ်းမြို့နယ် မွေး၊ကုဌာနမှူး ဒေါက်တာမြတ်လင်းက အဆိုတ်ရောင်ဂေါရာလက္ခာမျိုးတွေ့ထားကြောင်း၊ ရောဂါကြောင့်သေဆုံးသွားတဲ့ဝက်သားကို ချက်စားရင်လူတွေအတွက် အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်