ဖလမ်းမြို့မှာ နိုင်လွန်ကတ္တရာစခင်းပြီ

 

ကလေးဘက်မှ ဖလမ်းမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ကနေ ဟားခါးဖက်အထွက် တလန်လိုရပ်ကွက်ထိခင်းမှာဖြစ်ပါတယ်။

ဖလမ်းမြို့မှာ နိုင်လွန်ကတ္တရာစခင်းပြီ
ဖလမ်းမြို့တွင်း ဗိုလ်ချုပ်လမ်းမကြီး နိုင်လွန်ကတ္တရာ ခင်းခြင်းကို မတ်လ ပထမပတ်ကနေစတင်ဆောင်ပြီး အခုချိန်မှာ တစ်ဝက်ပြီးနေပြီလို့သိရပါတယ်။
နိုင်လွန်ကတ္တရာခင်းဖို့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ကျပ်သန်း (၇၇၅ ဒသမ ၂၅၇)ကျပ်လျာထားပြီး ဒီနှစ် မိုးမကျခင်းပြီးစီးမယ်လို့ ဖလမ်းမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ဖလမ်းမြို့နယ်ဆောက်လုပ်ရေးဦးစီးဌာန တာဝန်ရှိသူ ဒေါ်ဆွေငွန်တီရယ်က “မိုးမကျရင်တော့ နှစ်လအတွင်းပြီးမယ်။ အခု နိုင်လွန်ကတ္တရာကို နှစ်ထပ်နဲ့ခင်းမှာဆိုတော့ အခုက တစ်ထပ်ပဲခင်းသေးတယ်။ နှစ်မိုင်ခင်းဖို့ အခု တစ်မိုင်ကျော်ကျော်ပြီးနေပြီ”လို့ပြောပါတယ်။
ကလေးဘက်မှ ဖလမ်းမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ကနေ ဟားခါးဖက်အထွက် တလန်လိုရပ်ကွက်ထိခင်းမှာဖြစ်ပါတယ်။
နိုင်လွန်ကတ္တရာ တစ်ထပ်တွင် တစ်လက်မခွဲ ခင်းမှာဖြစ်ပြီး ဒုတိယထပ်ကိုလည်း တစ်လက်မခွဲခင်းမှာဖြစ်ပါတယ်။ အကျယ်ကတော့ ပေ(၂၀)ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ နိုင်လွန်ကတ္တရာကို ဟားခါးမြို့မှာ စခင်းပြီး ဒီနှစ်မှာ ဖလမ်းမြို့အပြင်၊ ဟားခါးမှာ (၃)မိုင်၊ ထန်တလန်မှာ(၁ မိုင်)၊ တီးတိန်မှာ (၁ မိုင်ခွဲ)၊ နဲ့ မင်းတပ်မြို့မှာ(၁ မိုင်) နိုင်လွန်ကတ္တရာခင်းမှာဖြစ်ပါတယ်။ မြို့(၅)မြို့အတွက် နိုင်လွန်ကတ္တရာ ခင်းဖို့ ကျပ်သန်း ၄၆၇၈ ဒသမ ၂၅၇ လျာထားပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်