ဖလမ်း-ကလေး ကားလမ်းမြေပြိုလို့ ကား(၂၀)ကျော် ပိတ်မိ

ဖလမ်းနဲ့ကလေး ကားလမ်းပေါ်ရှိ ဇောင်ကောင်းရွာအနီးမှာ လမ်းအပေါ်ဘက်ကနေမြေပြိုကျလို့ ကားလမ်းပိတ်ပြီး ဒီည ၁၀း၄၀နာရီထိ ခရီးသည်တင်ကား (၂၀)ကျော်ပိတ်မိနေတယ်လို့ ခရီးသည်တစ်ဦးထံမှသတင်းရရှိပါတယ်။

ကားလမ်း စပိတ်တာက ညနေ(၂)နာရီလောက်ကဖြစ်ပြီး အခုချိန်မှာ စက်ကြီးနှစ်စီးသုံးစီးလောက်က လမ်းရှင်းနေပေမယ့် လမ်းအပေါ်ဘက်ကနေအဆက်မပျက်မြေပြိုကျလာပါတယ်။

ကားလမ်းအပေါ်ဘက်က ပြိုကျလာတဲ့ မြေတွေကို စက်ကြီးတွေက ရှင်းလင်းနေစဉ်(Photo: JC)

Zalen ad

ဖလမ်းကနေ ကလေးကိုဆင်းလာတဲ့ ပိတ်မိခရီးသည်တစ်ဦးက “အခု ကားလမ်းပိတ်တဲ့နေရာက ကလေး-ဟားခါးလမ်းတစ်လျှောက်မှာ ရာသီဥတုအအေးဆုံးနေရာဖြစ်တော့ အခု ကားလမ်းဘေးမှာ မီးလှုံနေကြတယ်။ ခုလည်း စက်ကြီးတွေကမြေစာတွေရှင်းနေပေမယ့် အပေါ်ဘက်ကနေ ရှင်းသလောက်ပြန်ပြန်ကျလာတယ်။ ဒါကြောင့် ကားတစ်ဝက်လောက်ကတော့ ဝေဘူလလမ်းဘက်ကနေသွားဖို့ပြန်လှည့်ကျတယ်။ ဖလမ်း-ဟားခါး-ထန်တလန်ဘက်ကနေလာတဲ့ကားက (၁၅)စီးလောက်ပိတ်မိနေတယ်။ ကလေးဘက်ကနေတက်လာတဲ့ ကားတော့မသိဘူး။ သူတို့ကတော့ ဗာလုံရွာအိပ်လို့ရတော့ တော်သေးတာပေါ့”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်