ဖလမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအရာရှိအပါအဝင် ၃ ဦးသေဆုံး

မတ် ၅၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ‌ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တီးတိန်မြို့နယ်၊ သိုင်းငင်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ လမ်းမြို့ကနေ မိုင် ၂၆ လောက် အကွာမှာရှိတဲ့ လှန်ဇောလ် (Hlan Zawl) ကျေးရွာအနီးမှာ မတ်လ ၃ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ လှန်ဇောလ်ကျေးရွာအနီးက ဆုတောင်းတောင်မှာ တပ်စွဲနေရာယူထားပြီး မနေ့က မတ်လ ၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

” သူတို့က လှန်ဇောလ်ရွာအနီးမှာ နေရာယူထားတယ်၊ ထိတွေ့မှုတွေကတော့ ဆက်တိုက်ရှိနေတယ်။ ၃ ရက်နေ့က တိုက်ပွဲမှာ စကစ ဘက်က သုံးဦးသေပြီး ဒဏ်ရာရသူတွေရှိတယ်၊ ကျွန် တော်တို့ဘက်ကလည်း တစ်ယောက်ကျတယ်။ ” လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေပြီး  မတ်လ ၁ ရက်နေ့မှာ ဖလမ်းမြို့နယ် မြောက်ပိုင်းတစ်နေရာကို Y-12 လေယာဉ်နဲ့ ချပေးခဲ့တဲ့ ကျည်ဆန်အထုပ်တွေထဲက ၆၀ မမ မော်တာကျည်တွေအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို ချင်း‌ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CNDF တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအကုန်ကတည်းက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေပါတယ်။

စစ်ကြောင်းထိုးတိုက်ခိုက်နေတာ အချိန် ငါးလကျော်အထိ ရှိလာပြီး လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက် ကြီးပစ်ခတ်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

Helen

#ဖလမ်းမြို့#‌ချင်းတော်လှန်ရေးပူးပေါင်းတပ်#တိုက်ပွဲ #Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်

မတ် ၅၊ ၂၀၂၆Zalen ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ...

ဆက်ဖတ်ရန်