ဖလမ်းမြို့နယ်မှာ စစ်ကောင်စီကလေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့  ဘုရားကျောင်းအပါအ၀င် နေအိမ်၂၀ ၀န်းကျင်ပျက်စီး

ဒီဇင်ဘာ ၂၉ ၊၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဖီရ်ရွာ (Tiphir)ကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစစ်ကောင် စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းအပါအ၀င် လူနေအိမ်၂၀ ၀န်းကျင်ပျက်စီးတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဆိုပါ မန်းခဲန်းအုပ်စု၊သီးဖီရ်ရွာ လေကြောင်းတိုက်ခိုက်မှုကို ညနေ ၅ နာရီခွဲ၀န်းကျင်မှာ နှစ်ကြိမ် ၊ ဂျက်ဖိုက်တာနဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတစ်ဦးက ” နေအိမ် သုံးလုံးမီးလောင်ပြာကျ တယ်။ပြီးတော့ တစ်လုံး က နေလို့မရအောင် ပျက်စီးယိုယွင်းသွားပါတယ်။ဘုရားကျောင်းကလည်း တော်တော် လေးကို ပျက်စီး သွားပါတယ်” လို့ Zalen  ကိုပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သီးဖီရ်ရွာရှိ ဒေသခံတွေထိခိုက်မှုမရှိပေမယ့် လူနေ အိမ် ၁၆ လုံးခန့် လည်း ထိခိုက်မှုရှိပြီး အနည်း ငယ် ပျက်စီးမှုတွေရှိတယ်လို့ သူကဆက်လက် ရှင်းပြပါတယ်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်း နဲ့ နှစ်ဖက်တိုက်ပွဲတွေက  သီးဖီရ်ရွာ နဲ့ အနီးနား မှာ ဖြစ်နေတာကြောင့် လမ်းကြောင်းရှင်းပေးတဲ့သဘောနဲ့ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းကလည်း သီးဖီရ်ရွာကို စစ်ကောင်စီကလေကြောင်း

တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ‌တရားမ၀င်ရွေးကောက်ပွဲကျင်း‌ပနေတဲ့ စစ်ကောင် စီ ကတော့ ဖလမ်း မြို့နယ်အတွင်းရှိ ဇာထီရ်ရွာဟောင်း နဲ့ Muleng သစ်တောဝိုင်းကို လေကြောင်းကနေ ၃ ကြိမ်လာရောက်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်