ဖလမ်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

နိုဝင်ဘာ ၂၁၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲ‌ တွေကြောင့် ဒေသခံ ပြည်သူ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာနဲ့ တောင်ယာတွေမှာ တိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ‌အနွေးထည်၊ စောင်နဲ့ အမိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” တိုက်ပွဲက ပိုပြင်းထန်လာတော့ တောင်ယာတွေထဲ၊ တောထဲ ပြေးကြရတယ်။ အခုက ဆောင်းရာသီရောက်လာပြီ၊ တော်တော်အေးလာတယ်၊ အရင်နှစ်ကထက် ဒီနှစ် ပိုအေးတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုဒုက္ခရောက်ကြတာပေါ့။ စားနပ်ရိက္ခာကတော့ အဓိက ပေါ့၊ အနွေးထည်တွေလိုတယ်၊ စောင်တွေလည်း လိုတယ်။ ” လို့ ဖလမ်းဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်၊ လျန်ရိဒ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား နို၀င်ဘာ ၁၇ ရက်ကနေ ယနေ့အထိ မဏီပူရ်မြစ်အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်းကနေ အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့ ဖလမ်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာခဲ့တာပါ။

ထိုမှတဆင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြိုကို နို၀င်ဘာ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က နေရာယူ ထိန်းချုပ်ထားပြီး အင်အား ၅၀၀ ဝန်းကျင်ထဲက တပ်အင်အား ၃၀၀ ခန့်ဟာ ဖလမ်းမြို့ဘက်ကို စစ်ကြောင်းဆက်ထိုးလာတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း – Helen

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ရှောင်

#စားနပ်ရိက္ခာ#ဖလမ်းမြို့# စစ်ကောင်စီ

#တော်လှန်ရေးပူးပေါင်းတပ်#တိုက်ပွဲ#zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၅၈ ရာခိုင်နှုန်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှု ပြီးစီး

နိုဝင်ဘာ ၂၂၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃၁,၀၀၀ ကျော်ရဲ့ ၅၈ ရာခိုင်နှုန်းကျော်ကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှု လုပ်ငန်းစဉ်ပြီးစီးပြီဖြစ်တယ်လို့ အိုင်ဇောလ် မြို့ရှိ ...

ဆက်ဖတ်ရန်