ဖလမ်းမြို့နယ်၊ Lumbang ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

မတ် ၂ ၊၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ Lumbang ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ မတ်လ ၁ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့က မတ်လ ၁ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာ၂စီးဖြင့် Lumbang ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိမရှိနဲ့ လူနေအိမ်ပျက်စီးမှုရှိမရှိ သိရှိနိုင်ရန် တာဝန်ရှိသူများကိုဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Zalen ad

ဖလမ်းမြို့ကို ပြည်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင်များနဲ့ CNDF တို့က ပူးပေါင်းတိုက်ခိုက်လျက်ရှိနေပြီး မနေ့ကလည်း ဖလမ်းမြို့နယ် Tuphei ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲများဖြစ်ပွားနေတဲ့ ဖလမ်းမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်မှာလည်း Lumbang ကျေးရွာကိုလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ဒဏ်ရာရသူရှိခဲ့သလို လူနေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#Falam#Lumbang#စစ်ကောင်စီ#လေကြောင်းတိုက်ခိုက်#Zalen

နောက်ဆုံးရသတင်းများ

မျိုးပွားကာလဖြစ်လို့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုဖို့ CDF-Thantlang အသိပေး

မတ် ၂ ၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များကို မျိုးပွား ကာလဖြစ်လို့ မသတ်ဖြတ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF-Thantlang က အသိပေးထုတ်ပြန်ထားပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ လတ်တလောအချိန်ဟာ ...

ဆက်ဖတ်ရန်