ဖလမ်းမြို့နယ် ဆီမ်ဒီးဟိုင် ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၃၁၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆီမ်ဒီးဟိုင် ( Sim Dihai ) ကျေးရွာကိုအကြမ်းဖက်စစ်တပ်က ယမန်နေ့ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၂ နာရီ မီနစ် ၃၀ ဝန်းကျင်မှာ ဆီမ်ဒီးဟိုင် ( Sim Dihai ) ကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး လူနေအိမ် ၃ လုံးမီးလောင်ခဲ့တဲ့ အပြင်နေအိမ်တချို့ပျက်စီးခဲ့ တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ CNO/CNDF ပြောခွင့်ရ ဆလိုင်းမီ က “ ညနေ ၂ နာရီ ခွဲဝန်းကျင်မှာ ဆီမ်ဒီးဟိုင် ( Sim Dihai ကျေးရွာကို လေကြောင်းကနေ Y12 နဲ့ ဗုံး ၈ ကြိမ်တိုက်ခိုက်ခဲ့တာပါ။ ရွာထဲမှာ လူနေအိမ်သုံးလုံး မီးလောင် ပြီးတော့ တခြားနေအိမ်ပျက်စီးတာတွေလည်းများတယ်။ မြေပြင်ကနေ ဒီလောက်ဘဲသတင်းရရှိသေးတယ်။” လို့ Zalen ကိုပြောပါတယ်။

Zalen ad

ဆီမ်ဒီးဟိုင် ( Sim Dihai ) ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဒေသခံများဟာ စစ်ဘေးရှောင်နေကြလို့ လူအထိအခိုက်တော့မရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် မြေပြင်ထိုးစစ်အပြင် ဝေဟင်ကိုပါ အများအပြား အသုံးပြုလာနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှာလည်း ဖလမ်းမြို့နယ်၊ Sunthla ကျေးရွာကိုလေကြောင်း တိုက်ခိုက်လို့ လူနေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – Mickey
ပုံအညွှန်း – Sim Dihai ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အဝေးကနေမြင်ရတဲ့ပုံ

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့မှာပစ်ခတ်မှုဖြစ်ပွား

မတ် ၂၀ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကျင်းပတဲ့ဒီကနေ့ မနက်ပိုင်းမှာ CDF-Hakha နဲ့ စစ်ကောင်စီကြား နာရီဝတ်ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့ဒေသခံသတင်း အရင်းအမြစ်ထံကနေသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ရွေးကောက်ခံခဲ့ကြတဲ့ အမတ်များဟာ ...

ဆက်ဖတ်ရန်