မတ် ၁၄ ၊ ၂၀၂၆
Zalen

၂၀၂၃ခုနှစ် ဧပြီလဆန်းထဲက ချင်းအမျိုးသားကာကွယ်ရေး(CNDF)တပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ ကျေးရွာစခန်းကို ယမန်နေ့ မတ်လ ၁၃ရက် နံနက်ပိုင်း ၁၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
အဆိုပါဗုံးကြဲမှုကြောင့် တံတားအနီးနာရှိ ကျေးရွာမှ နေအိမ်အချို့ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာမှ စစ်ရှောင်နေသူတဦးက “ကျနော်တို့အိမ်လဲ ထိသွားတယ်တော့ကြားတယ် အသေးစိတ်တော့ မပြောနိုင်သေးဘူး တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ ပျက်ဆီးဆုံးရှုံးမှုတွေအတိအကျမသိရသေးဘူးလို့” zalen ကိုပြောပါတယ်။
နောက်ထပ်ဒေသခံတဦးကလည်း ” စခန်းအနီးနားမှာကျတာလို့ပြောတယ် အဲ့အနီးနားတော့ ပျက်ဆီးမှု ရှိတယ်လို့ ကြားတယ် လူတွေတော့မနေတာကြာပြီလေ အဲ့လမ်းဘက်ကို စကစက စစ်ကြောင်းထိုးတော့ ငါတို့တွေ့ရွာကနေ ရှောင်လာကြတာကြာပြီ တောင်ယာတွေ အိမ်တွေပစ်ထားခဲ့ရတယ်လို့ “ ၎င်းက ဆိုပါတယ်။
ယမန်နေ့ကလည်း လုံပီးရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးနဲ့ ဖလမ်းမြို့ရဲ့ အနောက်ဘက်ခြမ်းရှိ Lati နဲ့ Kulzam ကျေးရွာများဘက်ကိုလည်း စစ်ကောင်စီတပ်က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီက ၎င်းရဲ့တပ်ဖွဲ့ဝင်များထံသို့ ရိက္ခာထုပ်များချပေးဖို့ လမ်းကြောင်းရှင်းဗုံးကြဲမှုတွေ နေ့စဉ်ဆိုသလို ဖလမ်းမြို့အနီးကို ခပ်စိတ်စိတ်လုပ်လာနေပါတယ်။
လာမယ့် ဧပြီလတွင်းမှာ အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးအတွက် ဆိုင်းပြင်းနေတဲ့ စစ်ကောင်စီဟာ ဖလမ်းမြို့အနီး ပတ်ဝန်းကျင်တွင် လေကြောင်းရော ကုန်ကြောင်းပါမကျန် နည်းမျိုးစုံးသုံးပြီး စစ်ကြောင်းထိုးဖို့ ကြိုးစား နေတယ်လို့ သိရှိရပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ-ဗားရ်တံတား(ပုံဟောင်း)
#ဖလမ်းမြို့ #ဗားရ်#Zalen
















