ဖလမ်းသို့ ရေပေးဝေတဲ့ပိုက် ယိုစိမ့်မူကြောင့်ဖလမ်းမြို့ရပ်ကွက် တစ်ချို့ရေ မရှိနိုင်သေး

နိုင်ဝင်ဘာ ၁ရက်နေ့ ညနေ မှစပြီး လိုင်ဗားရေလှောင်တမံ ရေပိုက်လိုင်း ယိုစိမ့်မူ့ကြောင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ရပ်ကွက်တချို့ ရေမရှိရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာ ၃ရက်နေ့မှစပြီးဖလမ်းမြို့တော်စည်ပင်မှ ရေပိုက်လိုင်း ယိုစိမ့်သည့်နေရာ ကိုသွားရောက်ပြီး
ပြုပြင်ဆောင်ရွက်မူများပြုလုပ်နေတယ်လို့သိရပါတယ်။

၎င်းရေပိုက်လိုင်းသည် ဖလမ်းမြို့နဲ့ ၁၉မိုင်အကွာ Thangzar ကျေးရွာအနီးတွင် ယိုစိမ့်ခဲ့တာကြောင့် ရေပိုက်လိုင်း ပြုပြင်ရာတွင် ၁၅ပေအနက် ပိုက်လိုင်းရှိရာကို စက်ကြီးနှင့်တူးဆွပြီး ပြုပြင်ဆောင်ရွက်လျှက်ရှိပါတယ်။

314391827_652175519773158_670499972875928620_n

Zalen ad

မြို့ခံတစ်ဦးက “လိုင်ဗားရေက ဖလမ်းရပ်ကွက်အများစုသုံးတာဖြစ်တယ်။ ရပ်ကွက်တွင်းမှာ စမ်းရေလေးတွေလည်းရှိကြတော့ သိပ်အခက်အခဲမဖြစ်သေးဘူး။ တစ်ပတ်လောက်ကြာသွားရင်တော့ ရေဝယ်ဖို့လိုမှာ။ မြို့အဝင်ဘက်ဆိုရင်လည်း စမ်းရေသီးသန့်လိုင်းယူထားတော့ အဆင်ပြေကြတယ်” လို့ပြောပါတယ်။

၎င်း လိုင်းဗားရေလှောင်တမံဆည်သည် ဖလမ်းမြို့ အိမ်ခြေ၂၀၀၀ကျော်ကို ရေသန့် ပေးဝေနေတဲ့ ဆည်ကြီးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်