ဖိလစ်ပိုင်သမ္မတဟောင်းကို ICC အမိန့်အရ မနီလာတွင်ဖမ်းဆီး

မတ်လ ၁၁၊ ၂၀၂၅

Zalen

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မူးယစ်ဆေးဝါးတိုက်ဖျက်စဉ် လူသေဆုံးမှုများပြားတာကြောင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရဲ့ အမိန့်အရ ၎င်းအား မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ မတ်လ ၁၁ ရက်ကဖမ်းဆီးကြပါတယ်။

ဒူတာတေးသည် ဟောင်ကောင်မှ ပြန်လည်ရောက်ရှိလာပြီးနောက် ရဲများက ICC ၏ အမိန့်အရ သူ့အား ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်။ ICC က ဒူတာတေးရဲ့ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါးများကို ပြင်းထန်စွာနှိမ်နင်းရာမှ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုများကို စုံစမ်းစစ်ဆေးနေပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ ထုတ်ပြန်ချက်တွင် “ရှေ့နေချုပ်က သူ့ကိုလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် ICC ရဲ့ ဖမ်းဆီးရန် အမိန့်ကို ယခင်သမ္မတထံ ပေးပို့ခဲ့တယ်” လို့ ဖော်ပြထားတယ်။ ဒါကြောင့် ဒူတာတေးဟာ အခုချိန်မှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရပြီ။

ICC က ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ စုံစမ်းစစ်ဆေးခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခဲ့တယ်။ ယင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် လူ ၆၂၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။ ဒူတာတေးက ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို ICC ရဲ့ ရောမစာချုပ်မှ နုတ်ထွက်စေခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများက အခုလိုပြုလုပ်ခြင်းဟာ တာဝန်ယူမှုမှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဒူတာတေးအစိုးရဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ဖိလစ်ပိုင်အာဏာပိုင်များက ယင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေပြီလို့ ဆိုကာ ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ရန် လုပ်ဆောင်ခဲ့တယ်။ နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့တွင် အခြေစိုက်သော ICC ဟာ နိုင်ငံများက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကဲ့သို့သော အပြင်းထန်ဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများတွင် စွပ်စွဲခံရသူများကို တရားစွဲဆိုရန် မလိုလားတဲ့ ဒါမှမဟုတ် မတတ်နိုင်တဲ့အခါတွင် ဝင်ရောက်စွက်ဖက်နိုင်တယ်။

၂၀၂၂ ခုနှစ်တွင် ဒူတာတေးကို ဆက်ခံခဲ့သော သမ္မတ ဖာဒီနန်း မာကိုးစ်ဂျူနီယာစည ICC တွင် ပြန်လည်ပါဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သော်လည်း မာကိုးစ်အစိုးရသည် ICC က အပြည်ပြည်ဆိုင်ရာရဲများအား ဒူတာတေးအား ဖမ်းဆီးရန် Red Notice ဟုခေါ်သော အပြည်ပြည်ဆိုင်ရာဖမ်းဆီးရန် အမိန့်တစ်ခုတောင်းခံလာပါက ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့တယ်။ Red Notice ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိ တရားစီရင်ရေးအာဏာပိုင်များအား ရာဇဝတ်မှုစွပ်စွဲခံရသူတစ်ဦးအား ရှာဖွေရန်နဲ့ ယာယီဖမ်းဆီးရန် တောင်းဆိုချက်တစ်ခုဖြစ်တယ်။

သတင်း – EP

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်