ဗိုလ်ချုပ်ကြေးရုပ်ထက် ပင်လုံကတိကဝတ် နဲ့ပင်လုံစာချုပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရန် ချင်းလူငယ်ကွန်ရက်က တိုက်တွန်း

ဗိုလ်ချုပ်ကြေးရုပ်ထက် ပင်လုံကတိကဝတ် နဲ့ပင်လုံစာချုပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရန် ချင်းလူငယ်ကွန်ရက်က တိုက်တွန်း

ချင်းလူငယ်ကွန်ရက်က ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်ခြင်းထက် ပင်လုံကတိကဝတ် နဲ့ ပင်လုံစာချုပ်ပါအချက်များ အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းကြော်ငး စက်တင်ဘာ (၁၅)ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

၎င်းထုတ်ပြန်ချက်ထဲတွင် NLD အစိုးရတာဝန်ယူသည့်နောက်ပိုင်း တိုင်းရင်းသားဒေသများဖြစ်သော မွန်၊ ကရင်နီ(ကယား)၊ နှင့် ကချင်ပြည်နယ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဒေသခံတိုင်းရင်းသားများမှ ကြိုတင်ကန့်ကွက်နေသည့်ကြားမှ ပြည်နယ်အစိုးရတို့မှ အတင်းအဓမ္မတည်ဆောက်ခဲ့သည့်ကိစ္စများဆက်တိုက်ဖြစ်ခဲ့သည်။ ယခုတွင်လည်း ချင်းလူထု၏ဆန္ဒသဘောထားမပါပဲ ချင်းပြည်နယ်ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်ရန် ချင်းပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်နေမှုအပေါ် Chin Youth Network (CYN) ကအောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

၁။ လူမျိုးကြီးဝါဒကိုဖြန့်ကျက်ရန်ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချသည်။

၂။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်နေခြင်းထက် ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်တွင်ပါဝင်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိုသာဦး တည်ကာအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်တိုက်တွန်းသည်။

၃။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးဖြစ်စဉ် တွင်တိုင်းရင်းသားများ၏ အမျိုးသားရေးအမှတ်လက္ခဏာများကို လေးစားတန်ဖိုးထားအသိအမှတ်ပြုရန် တိုက်တွန်းသည်။တိုင်းရင်းသားများ၏အမျိုးသားရေးအမှတ်လက္ခဏာများကိုလေးစားတန်ဖိုးထားအသိအမှတ်ပြုရန်တိုက်တွန်းသည်။

မိမိတို့စိုးရိမ်ပူပန်ချက်များ
၁။ တိုင်းရင်းသားဒေသများတွင် ဌာနေတိုင်းရင်းသားများ၏ဆန္ဒသဘောထားများကို လစ်လျှရှုပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများတည်ဆောက်ခြင်းကြောင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုများကို ယခင်ကထက် ပိုမိုထိခိုက်လာစေနိုင်သည်။

၂။ တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို အတင်းအဓမ္မအကောင်အထည်ဖော်တည်ဆောက်ပါက ချင်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသားများအကြားမလိုလားအပ်သည့် လူမျိုးရေးဆန်သော အမုန်းပွားမှုများဖြစ်ပေါ်လာနိုင်သည်။

၃။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစီးပြီးတည်ဆောက်နေခြင်းသည် ဒေသခံတိုင်းရင်းသားများကြားတွင် လူမျိုးကြီးဝါဒလွမ်းမိုးရန်ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ဟုမိမိတို့ ချင်းတိုင်းရင်းသားလူငယ်များမှ ရှုမြင်သည်။

၄။ ချင်းပြည်နယ် အစိုးရနှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌတို့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတည်ဆောက်မည် ဆိုခြင်းသည် ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်လွှတ်တော်၏ တာဝန်လော (သို့မဟုတ်) လုပ်ပိုင်ခွင့်ဘောင်ကျော်လုပ်နေခြင်းလောဆိုသည့် မေးခွန်းများအပြင်မည်သည့်ရည်ရွယ်ချက်ဖြင့် ရုပ်တုအားတည်ဆောက်လိုခြင်းစသော မေးခွန်းထုတ်စရာများဖြစ်လာစေသည်ဟုဖော်ပြထားပါတယ်။

ချင်းလူငယ်ကွန်ရက်ဟာ ၂၀၁၃ ခုနှစ် ဟားခါးမြို့တွင်ကျင်းပတဲ့ ချင်းလူငယ်ဖိုရမ်မှ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ချင်းပြည်နယ်အစိုးရဘက်မှ ဗိုလ်ချုပ်ကြေးရုပ်ဟာ ယခင်ကတည်းက ဟားခါးမြို့တွင်စိုက်ထူထားပြီး ပျက်စီးနေလို့ ရုပ်ထုအသစ်ပြုလုပ်ကာ နေရာပြောင်းရွေ့စိုက်ထူခြင်းသာဖြစ်တယ်လို့ချင်းမီဒီယာများထံပြောကြပါတယ်။

ထန်တလန်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ဘတ်ဂျက်ချပေးထားပေမယ့် ဒေသခံများကန့်ကွက်လို့ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်