မင်းတပ်မြို့နယ် ဟီးလောင်းကျေးရွာမှာ တစ်ရွာလုံး ရာသီပေါ်တုပ်ကွေးမိ

မင်းတပ်မြို့နယ် ဟီးလောင်းကျေးရွာမှာ ရာသီပေါ်တုပ်ကွေးရောဂါဖြစ်လို့ (၇)ဦးကို မင်းတပ်ပြည်သူ့ဆေးရုံသို့ကုသနေပါတယ်။
စက်တင်ဘာ(၁၅)ရက်တွင် တုပ်ကွေးစတင်ဖြစ်ပွားပြီး လက်ရှိ ကျေးရွာကျောင်းလည်းပိတ်ထားကြပါတယ်။

ဟီးလောင်းကျေးရွာအုပ်စုတာဝန်ရှိသူတစ်ဦးက “ရောဂါက တစ်ရွှာလုံးလိုလိုဖြစ်တာ။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိဘူး။ အများဆုံးက နှာစေးချောင်းဆိုးရယ်၊ (၇)ယောက်က နှာခေါင်းသွေးယိုလို့ မင်းတပ်ပြည်သူ့ဆေးရုံကိုပို့လိုက်ရတယ်။ အခုတော့ ကျန်းမာရေးဝန်ထမ်း(၁၄)ယောက်က ကုသနေတယ်”လို့ဆိုပါတယ်။
ဟီးလောင်းကျေးရွာဟာ အိမ်ခြေ(၇၃)အိမ်နဲ့ လူဦးရေ (၁၂၅)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

(၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆။Zalen ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မည့် (၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ချင်းလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ အဆိုပါချင်းအမျိုးသားနေ့ကို အိုင်ဇောလ်မြို့၊ ...

ဆက်ဖတ်ရန်