မင်းတပ်နဲ့ ထီးလင်းမြို့နယ်မှာ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့သတ်ဖြတ်

မင်းတပ်မြို့အနောက်ဘက် ၅ မိုင်ပတ်ဝန်းကျင် တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ဒေသခံပြည်သူ အမျိုးသား ၃ ဦးကို ၂၇၄ တပ်ရင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ မြေပြင်သတင်းသိရှိထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းတပ်မြို့ပေါ် နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့် စစ်ဆေးမေးမြန်းတာမျိုးရှိနေတယ်လို့လည်း သူကဆက်ပြောပြပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်တွင်လည်း မကွေးတိုင်း၊ ထီးလင်းမြို့ပြင် အမှိုက်ပုံးမှာ ချင်းအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ကသတ်ဖြတ်ပြီး အလောင်းကိုစွန့်ပစ်ထားတယ်လို့သိရတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ မင်းတပ်မြို့ခံ လူငယ် ၂ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ လူငယ် ၂ ဦးဟာ ပခုက္ကူမြို့မှာ မိသားစု ဆေးကုဖို့ သွားတာ ဖြစ်ပြီး ပခုက္ကူမြို့ထဲက မင်းတပ် ကြားစခန်းမှာ ဝင်ယောက် ဖမ်းဆီး ခံရတာလို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်