မင်းတပ်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားတွေကို ဝန်ထမ်းနဲ့ တပ်မတော်မိသားစုကကြိုဆို

၂၀၁၉၊ အောက်တိုဘာ (၁၆)
မင်းတပ်မြို့ အမှတ် (၂၇၄)ခြေလျင်တပ်ရင်းက ရှေ့တန်းပြန်တပ်မတော်သားတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော်မိသားစုဝင်တွေက ဒီနေ့ညနေ (၃)နာရီတွင် ကြိုဆိုကြတယ်လို့သတင်းရရှိပါတယ်။

ယင်း ရှေ့တန်းပြန်တပ်မတော်သားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နဲ့ သာလောခီးကနေပြန်လာကြတယ်လို့သိရပါတယ်။

Photo: Tam Mang

မင်းတပ်မြို့နယ် အားကာမှူး ဦးတမ်မန်းက “ဒီနေ့ နေလည်လောက်မှာ ခရိုင်ရော၊ မြို့နယ်ထွေအုပ်ရော ဖုန်းဆက်ပြီး သွားကြိုဖို့အကြောင်းကြားလာတယ်။ ထွေအုပ်ရုံးက ဖုန်းဆက်ခေါ်ရင် ဘယ်အစည်းအဝေးမဆိုတက်ရတယ်လေ။ အရင်နှစ် ၂၀၁၈ တုန်းကလည်း ဒီလိုကြိုဖူးတယ်” လို့ပြောပါတယ်။

ဌာနဆိုင်ရာ ဝန်ထမ်း ၂၀၀ လောက်က သပြေရွက်ကိုင် ကြိုဆိုကြပြီး တပ်မတော်မိသားစုဝင်တွေက ပန်းကုံးတွေစွပ်ပေးတယ်လို့ ယင်းနေရာသို့သွားရောက်သူတစ်ဦးကဆိုပါတယ်။

Photo: Tam Mang

အရင်နှစ်တွေမှာ ချင်းပြည်နယ်ရှိ တခြားမြို့နယ်တွင် ရှေ့တန်းပြန်တပ်မတော်သားတွေကြိုဆိုဖို့ ကြိုတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါ တာဝန်ပေးတာတွေရှိတာကြောင့် ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်