မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်

၆ ၊ဇွန် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် အမှတ် ၂ ၊ချပ်ကျေးရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီကနေ့ ညနေ ၄ နာရီ ၁၀မိနစ်အချိန်တွင် လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးတာတွေရှိနိုင်တယ်လို့သိရပေမယ့် အသေးစိတ် မသိရသေးပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသခံပြည်သူတစ်ဉီးက”ရွာထဲတော့မဟုတ်ဘူး၊နီးတယ်ဗျ၊ရွာပတ်ဝန်းကျင်တွေကိုပစ်တာ၊နှစ်စီးနဲ ၄ လုံးကြဲတယ်၊ ပျက်စီးမှုတွေရှိနိုင်တယ်၊အသေးစိတ်မသိရသေးဘူး” လို့ Zalen ကိုပြောပါတယ်။

ဇွန်လ၄ ရက်ညသန်ခေါင်အချိန်မှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်ပန်ကျေးရွာ က အရပ်သားပြည်သူ တစ်ဉီးသေဆုံးပြီးတစ်ဉီးဒဏ်ရရှိကာလူနေအိမ် ရှစ်လုံး ပျက်စီး တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်