မင်းတပ်မြို့နယ်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်

၁၈ ၊စက်တင်ဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းတိုက်နယ်အမှတ် ၁ ရှိ၊မိုင် ၄၀ ကျေးရွာ အနီးအနားကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီ ခွဲ၀န်းကျင်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ဗုံကြဲလေယာဉ်နှစ်စီးဖြင့် ပေါင် ၅၀၀ဗုံးသီး၃ လုံးအပြင် ဗုံးအသေးစားတွေကိုလည်း ကြဲချခဲ့တာကြောင့် အထိအခိုက်၊အပျက်အစီး များရှိနိုင်ပြီးအသေးစိတ်မသိရသေးဘူလို့သိရပါတယ်။

‌စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ နေရာဟာ မိုင်လေးဆယ်ကျေးရွာနဲ့နီးသလို ဒေသခံများ တောင်ယာလုပ်တဲ့ နေရာတွေနဲ့လည်းနီးတယ်လို့ဒေသခံတွေထံကသိရပါတယ်။

“ကျွန်တော်တို့ရွာအနောက်ဘက်ကျတယ်။ လေ‌ယာဉ်လာလို့အကုန်ပြေးကြတယ်။ ပထမတစ်ခေါက်က တစ်လုံး၊ဒုတိယတစ်ခေါက်က ၂လုံးကြဲတာ။ အသေးတွေလည်းကြားရတယ်။ အသံကြားတာမိုင်လေးဆယ်အနီးအနားပဲ၊ အသေးစိတ်မသိရသေးဘူး၊အဲဒီနားတွေမှာကတောင်ယာတွေလည်းရှိတယ်” လို့ Zalen ကိုပြောပါတယ်။

ယခုလ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဟာအကြိမ်ရေ၂၀ ခန့်ရှိနေပြီး အရပ်သား ပြည်သူ နှစ်ဦးထိခိုက်ဒဏ်ရာရသလိုလူနေအိမ်များ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်