မင်းတပ်မြို့အနောက်ဘက်တွင်လည်း တိုက်ပွဲထပ်ဖြစ်ပွား

မတူပီမြို့က ဆင်းလာတဲ့ အကြမ်းဖက် စကစတပ်နဲ့ Mindat CDF တပ်တွေဟာ မင်းတပ်မြို့အနောက်ဘက် မိုင် ၆၀ ဝန်းကျင်တွင် ဒီနေ့ ဇူလိုင် ၂၃ ရက်ညနေ ၄:၂၀ အချိန်က စတင်ပစ်ခတ်ကြပါတယ်။

ယနေ့ ညနေ ၂:၃၀ နာရီခန့်တွင်လည်း မင်းတပ်မြို့ အရှေ့ဘက်(မကွေးတိုင်းဘက်) ရမ်ပန်းရွာ ဝန်းကျင်တွင် CDF Mindat နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်မှု ပြန်စတင်ဖြစ်ပွားပါတယ်။

မင်းတပ်မှာ ဇူလိုင် ၂၀ရက်မနက်ပိုင်းကစပြီး တိုက်ပွဲပြန်စခဲ့ပြီး ဒီနေ့ထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါပြီ။

မနေ့ ဇူလိုင် ၂၂ ရက်တွင် CDF Mindat ဘက်က ရဲဘော်တစ်ယောက်ကျဆုံးသွားပါတယ်။ ဧပြီလ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ချိန်ကစပြီး ယနေ့ထိ CDF Mindat သူရဲကောင်း ၂၄ ယောက်က တိုင်းပြည်နဲ့ ဒီမိုကရေစီရရှိရေးအတွက်အသက်စတေးကြပါပြီ။

(Zawgyi)
မင္းတပ္ၿမိဳ႕အေနာက္ဘက္တြင္လည္း တိုက္ပြဲထပ္ျဖစ္ပြား

မတူပီၿမိဳ႕က ဆင္းလာတဲ့ အၾကမ္းဖက္ စကစတပ္နဲ႔ Mindat CDF တပ္ေတြဟာ မင္းတပ္ၿမိဳ႕အေနာက္ဘက္ မိုင္ ၆၀ ဝန္းက်င္တြင္ ဒီေန႔ ဇူလိုင္ ၂၃ ရက္ညေန ၄:၂၀ အခ်ိန္က စတင္ပစ္ခတ္ၾကပါတယ္။

ယေန႔ ညေန ၂:၃၀ နာရီခန႔္တြင္လည္း မင္းတပ္ၿမိဳ႕ အေရွ႕ဘက္(မေကြးတိုင္းဘက္) ရမ္ပန္း႐ြာ ဝန္းက်င္တြင္ CDF Mindat နဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ ပစ္ခတ္မႈ ျပန္စတင္ျဖစ္ပြားပါတယ္။

မင္းတပ္မွာ ဇူလိုင္ ၂၀ရက္မနက္ပိုင္းကစၿပီး တိုက္ပြဲျပန္စခဲ့ၿပီး ဒီေန႔ထိ တိုက္ပြဲ ၄ ၾကိမ္ျဖစ္ပြားခဲ့ပါၿပီ။

မေန႔ ဇူလိုင္ ၂၂ ရက္တြင္ CDF Mindat ဘက္က ရဲေဘာ္တစ္ေယာက္က်ဆုံးသြားပါတယ္။ ဧၿပီလ တိုက္ပြဲစတင္ျဖစ္ပြားတဲ့ခ်ိန္ကစၿပီး ယေန႔ထိ CDF Mindat သူရဲေကာင္း ၂၄ ေယာက္က တိုင္းျပည္နဲ႔ ဒီမိုကေရစီရရွိေရးအတြက္အသက္စေတးၾကပါၿပီ။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်