မဏိပူရ်ထောင်အတွင်း မြန်မာနိုင်ငံသားတွေ တောင်းဆိုချက်တွေကို ကြွေးကြော်ဆန္ဒပြနေ

၂၆၊ ဇွန်၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြလာတာ ဆယ်ရက်ပြည့်တဲ့ ဇွန် ၂၅ ရက်နေ့မှာ ပြန်လွတ်ပေးဖို့ ကြွေးကြော်သံတွေ ပြိုင်တူအော်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ရက်ကစပြီး မြန်မာနိုင်ငံသား ၉၉ ဦးဟာ သူတို့ကို ပြန်လွှ‌တ်ပေးဖို့နဲ့ စစ်ကောင်စီထံ မလွှဲပေးဖို့ အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက ‌ ရွေ့ပြောင်းယက်ကန်းအလုပ် သမား အယောက် ၃၀ ကျော်က စစ်ကောင်စီထံကို ပြန်လွှတ်ဖို့ သဘောတူခဲ့တာကြောင့် ဆန္ဒပြတာ ရပ်တန့်ခဲ့ပါတယ်။

လက်ရှိမှာ အမျိုးသား အယောက် ၆၆ ဦး ဆန္ဒပြနေပြီး သူတို့ထဲက နှစ်ဦး ဆေးရုံတင်ထားရသလို နောက်ထပ် သုံးဦးမှာလည်း ကျန်းမာရေး ချို့ယွင်းလာတာကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ India For Myanmar က ပြောပါတယ်။

အာဏာပိုင်တွေဘက်က ဘာမှညှိနှိုင်းဖြေရှင်းပေးတာမရှိတာကြောင့် အခုကြွေးကြော်ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ဟာ ဒုက္ခသည်တွေ ဖြစ်တယ်” ၊ ” ကျွန်တော် မိသားစုတွေကို ဂရုစိုက်ဖို့လိုတဲ့အတွက် မိသားစုတွေနဲ့ တွေဆုံခွင့်ပေးပါ” ၊ “ကျွန်တော်တို့ လုံခြုံဖို့ ပြန်လွှတ်ပေးပါ” စတဲ့ တောင်းဆိုချက်တွေကို မြန်မာအကျဉ်းသား ကြွေးကြော်ခဲ့တာပါ။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်နေသေးပြီး သူတို့တွေကို နိုင်ငံတကာက အကူအညီပေးဖို့လည်းတောင်းဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က မြန်မာစစ်ကောင်စီထံကို ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက်ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်