နိုဝင်ဘာ ၂၂၊ ၂၀၂၅
Zalen
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေ ပြဿနာအပေါ် အာရုံစိုက်မှုကို မဏိပူရ်ပြည်နယ်အနေနဲ့ လက်မလွှတ်သင့်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း N.Biren Singh ကတိုက်တွန်းပြောကြားလိုက်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသားအကြမ်းဖက်မှု အဖြစ်အပျက်တွေကြောင့် အဓိကပြဿနာမှ အာရုံလွှဲသွားမှာကို စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံမှ တရားမဝင်နေထိုင်သူတွေကို ဖော်ထုတ်တာ၊ နှင်ထုတ်တာလုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့တဲ့ NDA အစိုးရလက်ထက်မှာ အဆိုပါခေါင်းဆောင်က ၎င်းရဲ့မူဝါဒတွေကို အနီးနားပြည်နယ်တွေက ဝေဖန်ခဲ့ကြပေမဲ့ ယခုအခါ နာဂလန်းနဲ့ မီဇိုရမ်တို့ပင်လျှင် အခြေအနေရဲ့ ပြင်းထန်မှုကို သဘောပေါက်ပြီး တင်းကျပ်စွာ အရေးယူဆောင်ရွက်နေယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
“မဏိပူရ်ဟာ ဒီတာဝန်ကို ပထမဆုံး စတင်ယူခဲ့ပေမယ့် တိုင်းရင်းသားအကြမ်းဖက်မှု နာမည်ခံပြီး ဒီပူလောင်နေတဲ့ ကိစ္စမှာ တိတ်ဆိတ်သွားခဲ့တယ်။ ဒီအာရုံပြောင်းလဲမှုဟာ မတော်တဆမဟုတ်ပါဘူး။” လို့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း N.Biren Singh က ပြောကြားခဲ့ပါတယ်။
အချို့သော ဩဇာရှိအဖွဲ့အစည်းတွေဟာ ပြည်နယ်နဲ့ ဗဟိုအာဏာပိုင်တွေကို ဒုတိယအရေးကိစ္စများ ထဲသို့ ထောင်ချောက်ဆင်ကာ မဏိပူရ် ရင်ဆိုင်နေရသော အဓိကခြိမ်းခြောက်မှု ကို မေ့သွားစေဖို့ တမင်ကြိုးစားနေကြတယ်လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။
အစိုးရအဖွဲ့များအနေနဲ့ တင်းမာမှုတွေရှိပေမယ့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်ဆေးတွေ့ရှိတာနဲ့ ၎င်းတို့ရဲ့ မူရင်းနိုင်ငံတွေသို့ ပြန်ပို့တာ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ ၎င်းက တောင်းဆိုလိုက်ပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ ဇီဝအချက်အလက် အတည်ပြုစစ်ဆေးခြင်းကို ၅၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်တယ်လို့ ၎င်းက နှိုင်းယှဉ်ပြောကြားခဲ့ပြီး မဏိပူရ်ပြည်နယ်ရဲ့ လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေကို အများပြည်သူကို အသိပေးဖို့ မေးခွန်းထုတ်ခဲ့ပါတယ်။
တို့ဟာ နိုင်ငံတော်နဲ့ ပြည်နယ်ကို ဆန့်ကျင်တဲ့သူတွေရဲ့ အာရုံလွှဲမှုမျိုးကို ခွင့်မပြုရပါဘူး။ မဏိပူရ်ရဲ့ ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနဲ့ အနာဂတ်ဟာ ဒီအကျပ်အတည်းကို စတင်ခဲ့တဲ့ အဓိကကိစ္စ အပေါ် ကျွန်တော်တို့ရဲ့အာရုံကို မြဲမြံစွာ ထားရှိခြင်းအပေါ် မူတည်ပါတယ် လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
သတင်း-ဆလိုင်း
















