မဏိပူရ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာဒုက္ခသည် ဆယ်ဦးထက်မနည်း ကျန်းမာရေးစိုးရိမ်ရ

၄၊ မတ်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေထဲက ဆယ်ဦးထက်မနည်း ကျန်းမာရေး စိုးရိမ်နေရပြီး အဲဒီထဲက တစ်ဦး ဆေးရုံတက်နေရသလို ကျန်းမာ‌ေရးဆိုးရွား‌နေတယ်လို့ India For Myanmar က ထုတ်ပြန်ပါတယ်။

‌အသက် ၅၀ ကျော် ဦးအောင်မြင့်ဟာ နာတာရှည် အဆုပ်ရောဂါ ခံစား‌ နေရပြီး ဆေးရုံတက်နေရတယ်လို့ ဆိုပါတယ်။

ထောင်အတွင်းရှိ ဦးအောင်မြင့်ရဲ့ ပစ္စည်းတွေကို ထုတ်သိမ်းထားပြီး အရေးပေါ်ဆေးကုသမှုခံယူစေကာ ကျန်းမာရေးဟာ စိုးရိမ်စရာ အနေအထားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျဉ်းထောင်ထဲက တခြားနာတာရှည် မြန်မာရောဂါသည်တွေဟာ ဆေးကုသခွင့်မရဘူးလည်း ဆိုပါတယ်။

ဦးအောင်မြင့်ဟာ အာဏာမသိမ်းခင်က နာတာရှည် အဆုပ်ရောဂါ ဖြစ်ပွားနေပြီး ‌အိန္ဒိယနိုင်ငံကို ဆေးကုသဖို့ လာချိန် မဏိပူရ်အာဏာပိုင်တွေရဲ့ လူ၀င်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရသော မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်တွေဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံပြီဖြစ်ပေမယ့် ဆက်လက်ထိန်းသိမ်းခံနေရပြီး လွတ်မြောက် ခွင့်မရကြဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ခရစ်ယာန်ဘုရားကျောင်း နှစ်ခုမှာ ဝတ်ပြုနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား၊ UN ဒုက္ခသည်ကဒ် မရှိသူတွေကို ဖမ်းဆီး၊ ထောင်ချ ပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့ မြန်မာနိုင်ငံကို စစ်ဘေးရှောင်တွေကို ပြန်မပို့ဖို့၊ ပို့မယ်ဆိုပြီး မခြိမ်း‌ခြောက်မှုတွေ ရပ်တန့်ဖို့၊ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံပီသစွာ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အ၀မကူညီပေမယ့် စစ်ဘေးရှောင်တွေအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ India For Myanmar က အလေးအနက် တောင်းဆိုထားပါတယ်။

Rosy

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်