မဏိပူရ် ထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့ မြန်မာ နိုင်ငံသား၂ဦး ကျန်းမာရေး ထိခိုက်နေ

၂၂၊ ဇွန် ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖား ထောင်မှာ ပြစ်ဒါဏ် ကျခံပြီးသားမြန်မာ နိုင်ငံသားများ ပြန်လွှတ်ပေးဖို့တွက် အစာငတ်ခံ ဆန္ဒပြတဲ့ အထဲ ၂ဦးဟာ ကျန်မာရေး ထိခိုက် နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ရက်နေ့က စတင်ခဲ့တဲ့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ လွတ်မြောက်ဖို့ အစာငတ်ခံ ဆန္ဒပြတာ ဇွန် ၂၁ ရက်ဆိုရင် ၆ ရက်ပြည့်သွားပြီ ဖြစ်ပါတယ်။

စတင်ဆန္ဒပြတဲ့နေ့မှာ ၉၉ဦး ထိ ရှိခဲ့တာဖြစ်ပြီး ၎င်းတို့အထဲမှ ၃၃ဦးဟာ ဆန္ဒပြတာကို ရပ်နားခဲ့ပြီး ၆၆တို့က ဆက်လက် ဆန္ဒပြနေကြတယ်လို့ India for Myanmar မှသိရပါတယ်။

အဆိုပါ ဆက်လက် ဆန္ဒပြတဲ့ ၆၆ဦးထဲမှ အသက် ၆၀ ကျော်နဲ့ အသက် ၅၀ ကျော် နှစ်ဦးတို့ဟာ မလှုပ်ရှား နိုင်တဲ့အထိကျန်းမာရေး ထိခိုက်နေတာဖြစ်ပါတယ်။

ယင်းသို့ ကျန်းမာရေး ထိခိုက်နေသော်လည်း ဆေးဝါးကုသနိုင်ရန် အခက်ခဲ တွေနေတယ်လို့ လည်း India for Myanmar ထံမှ သိရပါတယ်။

အခုလို ကျန်းမာရေး ထိခိုက်တဲ့ အထိ ရှိနေကြပြီ ဖြစ်ပေမယ့် ၎င်းတို့ဟာ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ ဆက်လက် ဆန္ဒပြနေကြ နေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ထွက်ပြေး တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာသူလို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ မြန်မာ နိုင်ငံသားများဟာ အာသံပြည်နယ်မှာ ၂၇ဦးနဲ့ မဏိပူရ်ပြည်နယ်မှာ ၂၀၉ ဦးတို့ ဖမ်းဆီး ထိန်းသိမ်း ခံနေရတာဖြစ်ပြီး အချို့ဟာ ပြစ်ဒါဏ်နဲ့ ငွေဒါဏ် ကျခံပြီးဖြစ်သော်လည်း ပြန်လွတ် ပေးခြင်း မရှိပဲ လူအခွင့်ရေး ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်