မဏီပူရဆည်တည်ဆောက်မယ့်နေရာအနီး ပြင်းထန် မြေငလျင်တစ်ခု လှုပ်ခတ်

ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြားတွင် အင်အားရစ်(ခ်)တာစကေး (၆ ဒသမ ၁) အဆင့် ပြင်းထန်မြေငလျင်တစ်ခု ဒီနေ့ည (၆း၁၅)အချိန်တွင် လှုပ်ခတ်သွားပါတယ်။

ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် (၂၄)မိုင်အကွာ၊ ဟားခါးမြေငလျင်စခန်းမှာ အရှေ့၊ အရှေ့မြောက်ဘက် (၂၇)မိုင်ခန့်အကွာတွင် (မဏီပူရဆည်တည်ဆောက်မယ့်နေရာအနီး) အနက် (၁၂)ကီလိုမီတာ (၇ မိုင်ကျော်)ဗဟိုပြု၍ လှုပ်ခတ်သွားတာဖြစ်တယ်။

ယင်းငလျင်ဒဏ်ကို ဟားခါးမြို့တွင် အဓိက ပြင်းထန်စွာခံစားရပြီး အိမ်နံရံတွင်ကပ်ထားတဲ့တိုင်ကပ်နာရီတွေ၊ ပန်ကန်တွေ၊ အိုးခွက်တွေ ကြမ်းပြင်ပေါ်ကျလာတာတွေ့ရပါတယ်။
ဒါပြင့် တိုက်ဟောင်းအချို့လည်း အက်ကွဲတွေဖြစ်နေတာလည်း ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

Zalen ad

ယင်း ငလျင်ဒဏ်ကို ကလေးမြို့ဘက်ကလည်း ခံစားရပါတယ်။ ဖလမ်းမြို့တွင်လည်း ယင်းငလျင်ဒဏ်ကိုခံစားရပေမယ့် ပစ္စည်းကျကွဲတာတွေမရှိဘူးလို့သိရပါတယ်။

(Zawgyi)

မဏီပူရဆည္တည္ေဆာက္မယ့္ေနရာအနီး ျပင္းထန္ ေျမငလ်င္တစ္ခု လႈပ္ခတ္

Photo: Chocho Aye

ဖလမ္းၿမိဳ႕နဲ႔ ဟားခါးၿမိဳ႕ၾကားတြင္ အင္အားရစ္(ခ္)တာစေကး (၆ ဒသမ ၁) အဆင့္ ျပင္းထန္ေျမငလ်င္တစ္ခု ဒီေန႔ည (၆း၁၅)အခ်ိန္တြင္ လႈပ္ခတ္သြားပါတယ္။

ဖလမ္းၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ (၂၄)မိုင္အကြာ၊ ဟားခါးေျမငလ်င္စခန္းမွာ အေရွ႕၊ အေရွ႕ေျမာက္ဘက္ (၂၇)မိုင္ခန္႔အကြာတြင္ (မဏီပူရဆည္တည္ေဆာက္မယ့္ေနရာအနီး) အနက္ (၁၂)ကီလိုမီတာ (၇ မိုင္ေက်ာ္)ဗဟိုျပဳ၍ လႈပ္ခတ္သြားတာျဖစ္တယ္။

ယင္းငလ်င္ဒဏ္ကို ဟားခါးၿမိဳ႕တြင္ အဓိက ျပင္းထန္စြာခံစားရၿပီး အိမ္နံရံတြင္ကပ္ထားတဲ့တုိင္ကပ္နာရီေတြ၊ ပန္ကန္ေတြ၊ အိုးခြက္ေတြ ၾကမ္းျပင္ေပၚက်လာတာေတြ႔ရပါတယ္။
ဒါျပင့္ တိုက္ေဟာင္းအခ်ဳိ႕လည္း အက္ကြဲေတြျဖစ္ေနတာလည္း ဓာတ္ပံုေတြမွာေတြ႔ရပါတယ္။

ယင္း ငလ်င္ဒဏ္ကို ကေလးၿမိဳ႕ဘက္ကလည္း ခံစားရပါတယ္။ ဖလမ္းၿမိဳ႕တြင္လည္း ယင္းငလ်င္ဒဏ္ကိုခံစားရေပမယ့္ ပစၥည္းက်ကြဲတာေတြမရွိဘူးလို႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်