မတူပီခရိုင် ထွေအုပ်ရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်ကို ဒီနှစ်အတွင်းတည်ဆောက်မယ်

 

မတူပီခရိုင် ထွေအုပ်ရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်ကို ဒီနှစ်အတွင်းတည်ဆောက်မယ်
မတူပီခရိုင်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးနေအိမ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းကျပ်သန်း(၁၈၂၄ ဒသမ ၉)နဲ့တည်ဆောက်သွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် ဒီကနေ အမျိုးသားလွှတ်တော်မှာ ပြည်နယ်အစိုးရကိုယ်စားလာရောက်ဖြေကြားသွားပါတယ်။


မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလာလ်မင်းထန်က ၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်တွင် မတူပီနဲ့ ပလက်ဝနယ်ကို စုစည်းပြိး မတူပီခရိုင် တိုးမြှင့်သတ်မှတ်ပေမယ့် အခုချိန်ထိ ခရိုင်ရုံးမရှိတာကြောင့် ခရိုင် ဥပဒေ၊ တရားရုံး၊ ရဲတပ်ဖွဲ့ တို့မြို့နယ်ရုံးမှာကြပ်တည်းစွာ ပူးပေါင်းရုံးထိုင်တာကြောင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ခရိုင်ရုံးတည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းထားပါတယ်။
ယင်းမေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က “၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးတည်ဆောက်ဖို့ ရန်ပုံငွေ ကျပ်သန်း ၁၇၅၀၊ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အတွက် ရန်ပုံငွေ ကျပ်သန်း ၇၀၊ (၂)ခန်းတွဲပါ ရေလောင်းအိမ်သာတည်ဆောက်ဖို့ ကျပ်သန်း ၄.၉ ခွဲဝေရရှိထားပါပြီ။ အခြားခရိုင်အဆင့် ရုံးများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီးတည်ဆောက်သွားမယ်”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားလိုက်ပါတယ်။
မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် မြေနေရာလျာထားချက်တွေကတော့ လက်ရှိမြို့နယ်ထွေအုပ်ရုံး၊ ဂေါက်ကွင်းအနောက်ဘက် သချိုင်းကုန်းအဟောင်းနေရာ၊ လောင်နူးကွင်းနေရာ၊ မတူပီနဲ့ (၇)မိုင်ဝေးတဲ့ ငလိုင်နဲ့ဖလိုင်ကျေးရွာကြားနေရာတွေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်