မတူပီဆရာမအမှုကို အရပ်ဘက်တရားရုံးတွင်မှုစီရင်ပေးရန် မတူပီအရပ်ဘက်လူမှုအဖွဲ့အစည်းတွေတောင်းဆို

မတူပီမြို့ စစ်ဗျူဟာက ဗိုလ်ကြီးပြည့်စုံမင်း(ကြည်း) ၅၆၇၆၀ ကဆရာမ မိုင်နုဘောင်အား အကြမ်းဖက်ရိုက်နှက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာတရားခုံရုံးတွင်မဟုတ်ဘဲ အရပ်ဘက်တရားရုံးတွင်သာ ပွင့်လင်းမြင်သာစွာအမှုစီရင်ပေးရန် မတူပီမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၁)ဖွဲ့က ဒီကနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ယင်းထုတ်ပြန်ချက်တွင် ၎င်းအကြမ်းဖက်မှုဟာ ခေတ်ပညာတတ်ဝန်ထမ်းလူငယ်အမျိုးသမီးတစ်ဦးပင်လျှင် အရှက်သိက္ခာ၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်းခံနေရလျှင် အခြား သာမန်မိန်းကလေးများရဲ့ ဘဝလုံခြုံရေးကို ပို၍အန္တရာယ်ရှိစေကြောင်း၊ စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ဦးတည်နေသည့်ကာလဖြစ်သည့်အားလျော်စွာ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးတည်ဆောင်ရွက်နေသည့်ကာလဖြစ်ကြောင်း၊  ဒီကာလမှာပင်လျှင် နိုင်ငံတော်ရဲ့ ကာကွယ်ရေးဌာနအရာရှိတစ်ဦးက ယခုကဲ့သို့ အကြမ်းဖက်မှုသည် နိုင်ငံတော် ဦးတည်ချက်ကို ချိုးဖောက်ရုံမက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိုလည်း ပျက်ပြားစေပြီး တပ်မတော်အပေါ်ပြည်သူရဲ့ သဘောထားယုံကြည့်မှုလျော့နည်းစေသည်လို့ရေးသားထားပါတယ်။

မတူပီစစ်ဗျူဟာက ဗိုလ်ကြီးပြည့်စုံမင်း(၂၈ နှစ်ခန့်)က မတူပီမြို့အ.ထ.က(၁)ကျောင်းဆရာမ မိုင်နုဘောင်ကို ပါးရိုက်ပြီး သတ်မယ်လို့ခြိမ်းခြောက်မှု ဒီဇင်ဘာ (၁၈)ရက် ညနေကဖြစ်ပွားပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆ Zalen အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်