မတူပီမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ခါတိုင်းနှစ်ထက် အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရရှိတာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုကလည်း ပိုမိုဆိုးရွားလာပါတယ်။

ဒီနှစ် မိုးတွင်းမတိုင်ခင်ကလည်း ငှက်ဖျားရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ငှက်ဖျားရောဂါဖြစ်ပွားမှုဟာ ဆိုးရွားနေသေးကြောင်း ဒေသခံများက ပြောပါတယ်။

မတူပီမြို့ပေါ်တွင် ဆေးဝါးလုံလောက်မှု မရှိသလို ကျေးရွာများမှာလည်း ဆေးဝါးများ ပြတ်တောက်သွားသောကြောင့် အသွားအလာ တင်းကြပ်မှုများအကြား ဒေသခံများဟာ လုံလောက်သော ဆေးဝါးနှင့် အခြား ရိက္ခာများကို မြို့ပေါ်ကနေ ကျေးရွားများသို့ မသယ်ဆောင်နိုင်သောကြောင့် ငှက်ဖျားရောဂါကုသမှုကို ထိရောက်အောင် မလုပ်ဆောင်နိုင်ပါ။

စစ်တပ်ဟာ မတူပီမြို့ပေါ်ကနေ ကျေးရွားများသို့ ဆေးဝါးများသယ်ဆောင်ခွင့်ကို ပိတ်ပင်ထားပြီး အကယ်၍ သယ်ဆောင်နိုင်မည်ဆိုပါကလည်း မတူမြို့ပေါ်တွင် ဆေးဝါးများ လုံးလောက်စွာ မရှိကြောင်း ဆိုပါတယ်။

Zalen ad

“ရွာဘက်မှာ ငှက်ဖျားဖျားရောဂါကြောင့် အပြင်းအထန်ဖျားနာသူများကို မြို့ပေါ် ခေါ်လာကြတယ်၊ ဒါပေမယ့် ဒီမှာလည်း ဆေးဝါက မလုံလောက်ဘူး။ စစ်ကောင်စီက ပြည်သူများကို ဖြန့်ဝေဖို့ ယူဆောင်လာသော ဆေးစိမ်ခြင်ထောင်ကိုလည်း လူတွေက ထုတ်လို့မရဘူးဖြစ်နေတယ်။ ဆိုတော့ ကာကွယ်မှုကလည်းနည်းနေသလို ကုသမှုကလည်း အားနည်းနေတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဒီရက်ပိုင်းအတွင်း ရွာကနေ မြို့ပေါ်ကို လူနာပို့ဆောင်မှု ပိုများလာတယ်လို့ သိရပြီး ဒီနှစ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးသွားသောသူတစ်ဦးရှိပြီဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်