ဇန်နဝါရီ ၅၊၂၀၂၆
Zalen
မတူပီမြို့နယ် ပြည်သူ့ညီလာခံကို ညီလာခံကော်မရှင်ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာလ ၃၀ ရက် နဲ့ ၃၁ ရက်နေ့က မတူပီမြို့မှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုအောင်မြင်စွာ ကျင်းပ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ပြည်သူ့ညီလာခံကို မတူပီမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်၊ တိုက်နယ် အုပ်ချုပ်ရေးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်း လည်ပတ်ဆောင်ရွက်နေတဲ့ဌာနဆိုင်ရာ အကြီးအကဲများ၊ မတူပီတော်လှန် ရေးအဖွဲ့ချုပ် (MRO) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ (CDF–Matupi) မှ အကြီးအကဲများအပါအဝင် လူမှုရေး နဲ့ ဘာသာရေး ခေါင်းဆောင်များ စုပေါင်းပြီး လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အထွေထွေအ တွင်းရေးမှူး ဆလိုင်းဘွေအုပ်က ” ဦးစားပေးကတော့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ အခြေခံ ပြည်သူ့လိုအပ်ချက် ဖြစ်တဲ့ ပညာရေး ၊ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ Zalen ကိုပြောပါတယ်။
ညီလာခံအတွင်း မတူပီမြို့နယ်ကို အုပ်ချုပ် ရေးဖော်ဆောင်ရာမှာ အခြေခံအဖြစ် အသုံးပြုမယ့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အက် ဥပဒေ နဲ့ မတူပီမြို့နယ် တရားစီ ရင် ရေး အက်ဥပဒေ တို့ကို ဆွေးနွေးတိုင်ပင်အတည် ပြု ပြဋ္ဌာန်းခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ညီလာခံကို တက်ရောက်လာတဲ့ကိုယ်စားလှယ်များရဲ့ အတည်ပြုထောက်ခံချက်နဲ့မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ် ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပြီးတဲ့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ပြည်သူလူထုများ၊တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အုပ်ချုပ်ရေးယန္တရားများ ခိုင်မာစေရန်နဲ့ ပြည်သူ့ရေးရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီနောက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင် (Chin Brotherhood) တို့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး မူဝါဒလမ်းစဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရားဝင် အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – ဘုံတလာသား
ဓာတ်ပုံ – ပေးပို့
















