မတူပီမြို့နယ်မှာ မိုးကြိုးပစ်လို့ ကလေးနှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မတူပီမြို့နယ် တိန်ဆီးရွာနဲ့ ရာဆောရွာမှာ ဒီနေ့ညနေ (၃)နာရီခန့်မှာ မိုးကြိုးပစ်လို့ ကလေးနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။

တိန်ဆီးရွာမှာ သေဆုံးသွားတဲ့ ကလေးကတော့ (၇)တန်းကျောင်းသား ဆလိုင်းဗန်ဇထန်ဖြစ်ပြီး ဒဏ်ရာရရှိသူ လေးဦးကတော့ နှစ်တန်းကနေ ခြောက်တန်းအရွယ်ကလေးတွေဖြစ်ပါတယ်။ တိန်ဆီးရွာနားက ရာဆောရွာမှာလည်း တစ်ဦးသေဆုံးသွားပါတယ်။

ဖြစ်စဉ်က ညနေပိုင်း ကလေးတွေကျောင်းရှေ့ဘောလုံးကွင်းမှာကစားတဲ့ချိန်မိုးရွာလာလို့ ကျောင်းဗာရမ်တာမှာမိုးခိုရင် ကျောင်းရှေ့အလံတိုင်နားက ဘောလုံးကို ဆလိုင်းဗန်ဇထန်က သွားကောက်တဲ့ချိန်မှာ မိုးကြိုးပစ်ခံရတာဖြစ်ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကတော့ လက်ရှိ တိန်ဆီးကျေးလက်ကျန်းမာရေးဌာနမှာ ဆေးကုသလျက်ရှိပြီး မစိုးရိမ်ရအခြေအနေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်