မတူပီမြို့နယ်မှာ မိုးကြိုးပစ်လို့ ကလေးနှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မတူပီမြို့နယ် တိန်ဆီးရွာနဲ့ ရာဆောရွာမှာ ဒီနေ့ညနေ (၃)နာရီခန့်မှာ မိုးကြိုးပစ်လို့ ကလေးနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။

တိန်ဆီးရွာမှာ သေဆုံးသွားတဲ့ ကလေးကတော့ (၇)တန်းကျောင်းသား ဆလိုင်းဗန်ဇထန်ဖြစ်ပြီး ဒဏ်ရာရရှိသူ လေးဦးကတော့ နှစ်တန်းကနေ ခြောက်တန်းအရွယ်ကလေးတွေဖြစ်ပါတယ်။ တိန်ဆီးရွာနားက ရာဆောရွာမှာလည်း တစ်ဦးသေဆုံးသွားပါတယ်။

ဖြစ်စဉ်က ညနေပိုင်း ကလေးတွေကျောင်းရှေ့ဘောလုံးကွင်းမှာကစားတဲ့ချိန်မိုးရွာလာလို့ ကျောင်းဗာရမ်တာမှာမိုးခိုရင် ကျောင်းရှေ့အလံတိုင်နားက ဘောလုံးကို ဆလိုင်းဗန်ဇထန်က သွားကောက်တဲ့ချိန်မှာ မိုးကြိုးပစ်ခံရတာဖြစ်ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကတော့ လက်ရှိ တိန်ဆီးကျေးလက်ကျန်းမာရေးဌာနမှာ ဆေးကုသလျက်ရှိပြီး မစိုးရိမ်ရအခြေအနေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

(၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆။Zalen ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မည့် (၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ချင်းလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ အဆိုပါချင်းအမျိုးသားနေ့ကို အိုင်ဇောလ်မြို့၊ ...

ဆက်ဖတ်ရန်