မန္တလေးက ချင်းဓမ္မအမှုတော်ဆောင်တပါးကို အရပ်ဝတ်လက်နက်ကိုင်တချို့က နေအိမ်မှာလာရောက်ခေါ် ဆောင်သွား

မန္တလေးမြို့ ဖလမ်းနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်း (Rev. Thian Lian Sang)ကို ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က အရပ်ဝတ်လက်နက်ကိုင်တချို့က၄င်းနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားကြတယ်လို့မိသားစုဝင်တွေထံမှသတင်းရရှိပါတယ်။
၄င်းတို့အိမ်ရှေ့သို့ အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့လူ ၂၀ ခန့်ရောက်လာပြီး မေးစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားတာပါ။

သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်း ကတော်က “အရပ်ဝတ်နဲ့လူတယောက်အိမ်ရှေ့မှာလာပြီးတော့ ဆရာဆန်းရှိလာလို့မေးတယ်။ ကျမတို့လည်းရှိတယ်လို့ပြောလိုက်တယ်။ မေးစရာရှိလို့ မေးပြီးသွားရင် ပြန်လာပို့မယ်လို့ပြောတယ်။ ဘယ်စခန်း ဘယ်ကိုခေါ်သွားမလဲဆိုတာ မပြောကြဘူး။ သူတို့အားလုံးက Mask တပ်ပြီးတော့ သေနတ်တွေလည်းကိုင်ထားတယ်။ အိမ်ထဲက ဖုန်း ၅ လုံးကိုယူသွားကြတယ်။ နင်တို့လည်း ဘယ်မှမသွားကြနဲ့။ နင်တို့ကိုလည်းစောင့်ကြည့်နေတယ်လို့ကျမတို့ကိုပြောသွားတယ်” လို့ဆိုပါတယ်။

သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်းဟာ ကိုဗစ်တတိယလှိုင်းကာလမှာ မန္တလေးတွင် ကိုဗစ်လူနာတွေကို စေတနာ့ဝန်ထမ်းနဲ့ကူညီရေးမှာလည်း ပါဝင်ခဲ့ပါတယ်။

Zawgyi

Zalen ad

မႏၱေလးက ခ်င္းဓမၼအမႈေတာ္ေဆာင္တပါးကို အရပ္ဝတ္လက္နက္ကိုင္တခ်ဳိ႕က ေနအိမ္မွာလာေရာက္ေခၚ ေဆာင္သြား

မႏၱေလးၿမိဳ႕ ဖလမ္းႏွစ္ျခင္းအသင္းေတာ္ သင္းအုပ္ဆရာ သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္း (Rev. Thian Lian Sang)ကို ဒီေန႔ စက္တင္ဘာ ၁၆ ရက္ မနက္ ၁၁ နာရီေလာက္က အရပ္ဝတ္လက္နက္ကိုင္တခ်ဳိ႕က၄င္းေနအိမ္ကေနလာေရာက္ေခၚေဆာင္သြားၾကတယ္လုိ႔မိသားစုဝင္ေတြထံမွသတင္းရရွိပါတယ္။

၄င္းတို႔အိမ္ေရွ႕သို႔ အိမ္စီးကား ၃ စီး၊ ဆုိင္ကယ္ ၃ စီးနဲ႔လူ ၂၀ ခန္႔ေရာက္လာၿပီး ေမးစရာရွိတယ္လုိ႔ဆိုကာ ေခၚေဆာင္သြားတာပါ။

သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္း ကေတာ္က “အရပ္ဝတ္နဲ႔လူတေယာက္အိမ္ေရွ႕မွာလာၿပီးေတာ့ ဆရာဆန္းရွိလာလုိ႔ေမးတယ္။ က်မတို႔လည္းရွိတယ္လုိ႔ေျပာလိုက္တယ္။ ေမးစရာရွိလို႔ ေမးၿပီးသြားရင္ ျပန္လာပို႔မယ္လုိ႔ေျပာတယ္။ ဘယ္စခန္း ဘယ္ကိုေခၚသြားမလဲဆိုတာ မေျပာၾကဘူး။ သူတို႔အားလံုးက Mask တပ္ၿပီးေတာ့ ေသနတ္ေတြလည္းကိုင္ထားတယ္။ အိမ္ထဲက ဖုန္း ၅ လံုးကိုယူသြားၾကတယ္။ နင္တုိ႔လည္း ဘယ္မွမသြားၾကနဲ႔။ နင္တို႔ကိုလည္းေစာင့္ၾကည့္ေနတယ္လို႔က်မတို႔ကိုေျပာသြားတယ္” လို႔ဆိုပါတယ္။

သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္းဟာ ကိုဗစ္တတိယလိႈင္းကာလမွာ မႏၱေလးတြင္ ကိုဗစ္လူနာေတြကို  ေစတနာ့ဝန္ထမ္းနဲ႔ကူညီေရးမွာလည္း ပါဝင္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်