မလေးရှားမှာ တစ်ရက်တည်း မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၀၀ ကျော်နဲ့ အလုပ်ရှင်တွေဖမ်းဆီးခံရ

မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ တစ်ရက်တည်းအတွင်း မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၂၇၀ ဦးနဲ့ လုပ်ငန်းရှင် ၁၁ ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ မေလ ၈ ရက်နေ့မှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ မေလ ၇ ရက်နေ့က ကွာလမ်လာပူမြို့ရှိ နိုင်ငံခြားသားတွေ လုပ်ကိုင်နေကြတဲ့ အလုပ် ၆ နေရာကို မလေးရှား လဝက၊ ရဲ နဲ့ အာဏာပိုင်တွေက စစ်ဆေးစဥ် အထောက်အထားအပြည့်စုံ မပြနိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသား ၁,၇၅၆ ဦးစစ်ဆေးရာမှာမှာ အထောက်အထား အပြည့်စုံ မပြနိုင်တဲ့ နိုင်ငံခြားသား ၁,၂၇၀ ဦးနဲ့ တရားမဝင် နိုင်ငံခြားသားကို အလုပ်ခန့်တဲ့ လုပ်ငန်းရှင် ၁၁ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လဝက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဘယ်နိုင်ငံသားတွေ ဘယ်လောက်ဖမ်းဆီးခံရလဲဆိုတာ ထုတ်ပြန်ချက်ထဲ ဖော်ပြထားခြင်းမရှိပါဘူး။

အခုမေလ မှစတင်၍ တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှု နဲ့ တရားမဝင် လုပ်လုပ်နေကြတဲ့နေရာတွေမှာ ဆက်လက် စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုစစ်ဆေးဖမ်းဆီးတာဟာ အလုပ်ရှင်တွေကို တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်မခန့်ဖို့ သတိပေးရည်ရွယ်တယ်လို့ လဝက ထုတ်ပြန်ထားပါတယ်။

မနေ့က ဂျိုးဟိုးပြည်နယ်၊ ဂျိုးဟိုးမြို့မှာလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ နေရာတွေမှာ လဝကနဲ့ အာဏာပိုင်အဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်သွားပြီး မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရမှုရှိတယ်လို့ သိရပါတယ်။

သတင်း-ကိုခူမီး

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်