မလေးရှားမှာ ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်မှုနဲ့ မြန်မာအမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၊ ၂၀၂၅ ။

Zalen

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဒေသခံအမျိုးသားတစ်ဦး ရိုက်နှက်မှုနဲ့ သံသယရှိတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒီကနေ့ မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကွာလာလမ်ပူမြို့၊ Kampung Pandan, Lorong 5 မှာ နိုဝင်ဘာ ၃၀ ရက် မနေ့က ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှု ဖြစ်တာပါ။

Zalen ad

ရိုက်နှက်ခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးဟာ လမ်းမပေါ်မှာ သတိမေ့မြော လဲနေတာကို တွေ့ရပြီး ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာတွေနဲ့ ဘယ်ဘက်လက်ဖဝါးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိထားပါတယ်။

ဒဏ်ရာရသူကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပေမယ့် ဒီနေ့ ဒီဇင်ဘာ ၁ ရက်၊ နံနက်( ၂:၃၃) နာရီမှာ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝမ်ဆာ မာဂျူ ခရိုင်ရဲမှူးချုပ်၊ လက်ထောက်ကော်မရှင်နာ မိုဟာမက် လာဇင် အစ္စမေးလ် က ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်( ၁၂:၀၁) နာရီမှာ အကြောင်းကြားစာ ရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုများအတွက် အထောက်အကူပြုဖို့ မြန်မာအမျိုးသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အမှုကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲဒီ သံသယရှိသူ မြန်မာနိုင်ငံသား နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၇ အရ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၃ ရက်တာ ရမန်ယူကာ စစ်ဆေးမှာဖြစ်ပါတယ်။

သတင်း-ခူမီး

ဓာတ်ပုံ – လူမှုကွန်ရက်

#ရိုက်နှက်မှု#မလေးရှား#မြန်မာအမျိုးသား#ဖမ်းဆီး#Zalen

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်