မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ်-မတူပီသွားကားလမ်း (၆)နေရာမှာ တောင်ပြိုလမ်းပိတ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ်-မတူပီသွားကားလမ်း (၆)နေရာမှာ တောင်ပြိုလမ်းပိတ်

မင်းတပ်-မတူပီသွားတဲ့ကားလမ်း မိုင်တိုင်အမှတ် ၄၂ နဲ့ ၄၈ မိုင်ကြားတွင် သြဂုတ်လ (၁၁)ရက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် ၆ နေရာမှာတောင်ပြိုလမ်းပိတ်မှုတွေဖြစ်ပွားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်တိုင်အမှတ် ၄၂ မိုင် (၁)ဖာလုံနဲ့ (၂)ဖာလုံကြား၊ ၄၂ မိုင် (၆)ဖာလုံနဲ့ (၇)ဖာလုံကြား၊ ၄၅ မိုင် (၃)ဖာလုံနဲ့ (၄)ဖာလုံကြား၊ ၄၅ မိုင် (၇)ဖာလုံနဲ့ ၄၆ မိုင်ကြား၊ ၄၇ မိုင် (၄)ဖာလုံနဲ့ ၄၈ မိုင်ကြား၌ တောင်ပြိုလမ်းပိတ်မှုဖြစ်ပွားရာ သြဂုတ်လ(၁၂)ရက်နံနက်ပိုင်းတွင် စက်ကြီးများနဲ့ ရှင်းလင်းကြပါတယ်။

မတူပီမြို့ ဇိအုန်းကားဂိတ်မှူးက “ဒီနေ့တော ကားတွေဆင်းကြတယ် တက်လာကြတယ်။ ကားလမ်းအခြေအနေကောင်းပါတယ်။ ခုတလောတော့ မိုးသိပ်မရွာတော့ လမ်းတွေသိပ်မပျက်သေးဘူး” လို့ပြောပါတယ်။

မင်းတပ်−မတူပီသွား ကားလမ်းတွင် ဒီနှစ်အတွင်း သုံးကြိမ်မြောက် ကားလမ်းတောင်ပြိုမှုဖြစ်ပွားတာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

(၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆။Zalen ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မည့် (၇၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ချင်းလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ အဆိုပါချင်းအမျိုးသားနေ့ကို အိုင်ဇောလ်မြို့၊ ...

ဆက်ဖတ်ရန်