မီဇိုရမ်တွင် ၁၀ လအတွင်းမူးယစ်ဆေးကြောင့်သေဆုံးသူ ၅၈ ဦးအထိရှိလာ

၃၊နိုဝင်ဘာ ၊ ၂၀၂၃

Zalen

မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Mizoram Excise & Narcotics Department (END) မှ ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှ အောက်တိုဘာလ ၃၁ ရက်အထိ မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံး သူ ၅၈ ဦးထိရှိကာ ၁၉၈၄ ခုနှစ်ကနေ ဒီနှစ် ၂၀၂၃ ခုနှစ် ၁၀ လပိုင်းအထိ မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးသူ စုစုပေါင်း ၁၇၉၄ ဦးရှိတယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်တွင် အရက်ကိုလည်းပိတ်ပင်ထားပြီး ၂၀၂၃ ခုနှစ် ၁၀ လပိုင်းအထိ အစိုးရက အရက် ၂၈,၁၅၄ လီတာနဲ့ ဒေသခံများမှချက်သော အရက်ဖြူ ၇၆၈၈၆.၅၆၅ လီတာ ကိုဖမ်းဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

Zalen ad

မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Mizoram Excise & Narcotics Department (END) က ၂၀၂၃ ခုနှစ်အတွင်း ဘိန်းဖြူ ၇၄.၂၂၀ ကီလိုဂရမ် နဲ့ Methamphetamine ၇၈.၈၁၈ ကီလိုဂရမ် ဖမ်းဆီး ခဲ့တဲ့အပြင် ဆေးခြောက် နဲ့ တစ်ခြားသောမူးယစ်ဆေးများလည်း ဖမ်းဆီးတယ်လို့ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ရဲ့စာရင်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မူးယစ် ဆေးကြောင့်သေဆုံးသွားသူ ၅၈ ဦးထဲမှာ ၄၇ ဦးက အမျိုးသား များဖြစ်ပြီး ကျန် ၁၁ ဦးမှာ အမျိုးသမီးများဖြစ်ကြတယ်လို့ သိရပါတယ်။

”ဒီထုတ်ပြန်ချက် ထုတ်တဲ့ရက် နိုဝင်ဘာ ၂ ရက်နေ့မှာဘဲ လောင်တလိုင် ဒေသခံ အမျိုးသားတစ်ဦး အသက် ၄၃ နှစ်အရွယ် ဟာ အိုင်ဇောလ်မြို့တွင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲတာ ကြောင့် သေဆုံးသွားပါတယ်” လို့ လောင်တလိုင်မြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က Zalen ကိုပြော ပါတယ်။

 ၂၀၂၂ ခုနှစ် အတွင်း မူးယစ် ဆေးကြောင့်သေဆုံးသူ အားလုံးမှာ ၄၃ ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆ ဦး တို့ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တစ်နှစ်လုံးအတွင်းသေဆုံးသူထက် ဒီနှစ် ၁၀ လပိုင်းအထိသေဆုံးသူ ပိုများတယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးကြောင့် သေဆုံးသူ အားလုံးတွင် ဘိန်းဖြူကြောင့်သေဆုံးသူဟာ ၉၉% ရှိတယ် လို့သိရပါတယ်။ ၁၉၈၄ ခုနှစ် ကနေ ၂၀၂၃ ခုနှစ် အထိ မူးယစ်ဆေးဝါးကြောင့်သေဆုံးသွားသူ ၁၇၉၄ ဦးရှိပြီး အမျိုးသား ၁၅၇၆ ဦးနဲ့ အမျိုးသမီး ၂၁၂ တို့ဖြစ်ကြပါတယ်။

၁၉၈၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း မီဇိုရမ်တွင် မူးယစ်ဆေးကြောင့်သေဆုံးမှုအများဆုံး ခုနှစ်မှာ ၂၀၀၄ ခုနှစ်တုန်းက ဖြစ်ပြီး လူပေါင်း ၁၄၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအနည်းဆုံး နှစ်မှာ ၁၉၈၆ ခုနှစ်ဖြစ်ကာ မူးယစ်ဆေးကြောင့်သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

မလေးရှားမှာ မြန်မာ ၂၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၅ ဦး အပါဝင် တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသား ၂၇ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ...

ဆက်ဖတ်ရန်