မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ရှောင် ၂၆၀၀၀ ကျော်ရဲ့ဇီဝအချက်အလက်ကောက်ယူမှုပြီးစီး

မတ် ၅ ၊ ၂၀၂၆

Zalen

Zalen ad

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းဝင်ရောက်ခိုလှုံကြတဲ့မြန်မာစစ်ရှောင်များအနက် လူဦးရေ ၂၆,၀၀၀ ကျော်ရဲ့ ဇီဝအချက်အလက်ကောက်ယူမှုပြီးစီးသွားပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီး Pu K Sapdanga က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မီဇိုရမ်ပြည်နယ် အစိုးရဘတ်ဂျက်အစည်းအဝေးအမေးအဖြေကဏ္ဍမှာ အမတ်များရဲ့မေးမြန်းခြင်းကိုဖြေကြားရာအခုလိုပြောကြား ထားခြင်းဖြစ်ပါတယ်။

Pu K Sapdanga ရဲ့ပြောကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ရောင် ၂၆,၃၈၁ ဦးရဲ့ဇီဝအချက်အလက်ကိုကောက်ယူပြီးစီးကြောင်း၊ ကောက်ယူဖို့ကျန်ရှိနေသေးတဲ့ လူဦးရေ ၁,၉၇၄ ဦးလည်းရှိနေသေးကြောင်းပြောကြားထားပါတယ်။

တဆက်တည်းမှာဘဲ မြန်မာစစ်ရှောင်များကို သူတို့နေချင်တဲ့နေရာတိုင်းမှာ နေထိုင်ဖို့ အစိုးရကခွင့်ပြုထားတာ မဟုတ်သည့်တိုင်အောင် သူတို့က စိုးရိမ်ပူပန်သောက ပေါင်းစုံနဲ့ဒီကိုရောက်ရှိလာသူများဖြစ်ကြလို့ အစိုးရစီစဉ် ပေးထားတဲ့နေရာမှာလည်းမနေနိုင်ကြသလို သူတို့လိုချင်တဲ့နေရာမှာလည်း မနေထိုင်နိုင်ကြကြောင်း၊ သူတို့အနေ နဲ့ အဆင်ပြေတဲ့နေရာမှာကပ်နေနေကြကြောင်းပြောကြားထားပါတယ်။

မီဇိုရမ်အစိုးရအနေဖြင့် မြန်မာစစ်ရှောင်များကို စီးပွားရေးလုပ်ကိုင်ခွင့်မပြုထားကြောင်း နဲ့ လက်ရှိမှာလည်း စီးပွားရေးလုပ်ကိုင်နေသူများရှိကြပြီးတချို့မှာအဖမ်းခံရသူများလည်းရှိကြောင်းပြောကြားထားပါတယ်။

မြန်မာစစ်ရှောင်အများဆုံးနေထိုင်တဲ့ ကျန်ဖိုင်ခရိုင်အပါအဝင် အိုင်ဇောလ်ခရိုင်၊လုံးလေခရိုင် နဲ့ ဆဲရ်ချီပ်ခရိုင် များမှာတော့ စစ်ရှောင်ဇီဝအချက်အလက်ကောက်ယူမှုပြီးစီးသွားပြီဖြစ်ကာ လောင်တလိုင်ခရိုင်မှာ ၉၆.၇၄ % ပြီးစီးထားတယ်လို့သိရပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#မီဇိုရမ်ပြည်နယ်#မြန်မာစစ်ရှောင်#ဇီဝအချက်အလက်#ကောက်ယူမှု#ပြီးစီး#Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်

မတ် ၅၊ ၂၀၂၆Zalen ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ...

ဆက်ဖတ်ရန်