မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၅၈ ရာခိုင်နှုန်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှု ပြီးစီး

နိုဝင်ဘာ ၂၂၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃၁,၀၀၀ ကျော်ရဲ့ ၅၈ ရာခိုင်နှုန်းကျော်ကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှု လုပ်ငန်းစဉ်ပြီးစီးပြီဖြစ်တယ်လို့ အိုင်ဇောလ် မြို့ရှိ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် အစိုးရဟာ စစ်ရှောင်ခိုလှုံလာသူတွေကို နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ အလွဲသုံးစားလုပ်ခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ရဲ့ ဇီဝဆိုင်ရာနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူစုဆောင်းခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ ပြီးစီးမှုဟာ သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်းများပြင်ပမှာ နေထိုင်သူတွေကို ဖော်ထုတ်ရာမှာ အခက်အခဲများရှိပေမယ့် အရေးပါသော အောင်မြင်မှုအဖြစ် မှတ်ယူထားပါတယ်။

မြန်မာနိုင်ငံမှ ချင်းလူမျိုးတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများစု ဝင်ရောက်လာကြတာဖြစ်ပြီး ၎င်းတို့ဟာ မီဇိုရမ်ရဲ့ လူမျိုးစုတွေနဲ့ တူညီသော ဆက်နွှယ်မှုရှိတာကြောင့် ခင်မင်ရင်းနှီးစွာ လက်ခံထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှ ဒုက္ခသည်တွေရဲ့ ၁၀.၈၄ ရာခိုင်နှုန်းရဲ့ ဇီဝဆိုင်ရာအချက်အလက်များကိုလည်း ကောက်ယူစုဆောင်းခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များအတွက် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှုကိုနိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းဆိုင်ရာ Portal မှတစ်ဆင့်၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပါတယ်။

ကောက်ယူရေးလုပ်ငန်းဟာ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ အင်တာနက် အဆက်အသွယ် နှေးကွေးခြင်း သို့မဟုတ် မရှိခြင်း တို့ကြောင့် အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာဒုက္ခသည် အများစုဟာ ကျန်ဖိုင် (Champhai) ခရိုင်မှာ နေထိုင်ကြပြီး ဘော် (Bawm) လူမျိုးများဟာ လောင်တလိုင် (Lawngtlai) ခရိုင်၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိကြပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ – လူမှုကွန်ရက်

#မြန်မာဒုက္ခသည်#မီဇိုရမ်#ဇီဝဆိုင်ရာအချက်အလက်ကောက်#zalen

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးခတ်မှာကိုအဆုံးတိုင်ကန့်ကွက်မယ်လို့ ZORO ပြော

၂၂ ၊ နိုဝင်ဘာလလ၊ ၂၀၂၅ Zalen အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အစီအစဉ်ဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားနယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ် အဋ္ဌမအကြိမ်မြောက် ဆက်လက်ကန့်ကွက်သွားမယ်လို့ မီဇိုရမ်အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေး အသင်း ( Zo Re-Unification Organization – ...

ဆက်ဖတ်ရန်