မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ မေလ ၂၀ ရက် က စလို့ ယာယီသိမ်းသွားမှာဖြစ်ကြောင်း ဒေသတွင်းသတင်းများကမနေ့ မေလ ၂၀ ရက်နေ့မှာ ဖော်ပြထားပါ တယ်။

လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) တာဝန်ရှိသူများဟာ သူတို့ရပ်ကွက် အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအနေဖြင့် မြန်မာနိုင်ငံနဲ့ သူတို့ရပ်ကွက်အား အချိန်မရွေးခရီးသွားခြင်း ၊ သွားလာလှုပ်ရှားခြင်း မလုပ်နိုင်အောင်အခုလိုလုပ်ရခြင်းဖြစ်တယ်လို့ဒေသတွင်းသတင်းများကဖော်ပြထားတယ်။

ယခုလိုမျိုး မြန်မာစစ်ဘေးရှောင်များက သူတို့ရပ်ကွက်နဲ့ မြန်မာနိုင်ငံကို ကြိုက်တဲ့အချိန်တိုင်း ခရီးသွားပြီး အဝင်အထွက်လုပ်ခြင်းက မူးယစ်ဆေးဝါး နဲ့ ပတ်သက်နိုင်တဲ့အပြင်ရပ်ကွက်တွင်းပြည်သူများအတွက် အခက်ကြုံ တွေ့စေနိုင်တယ်လို့ဆိုပါတယ်။

ဒီလိုဖြစ်လာရခြင်းဟာမြန်မာနိုင်ငံကနေ မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်းရဲ့အကျိုးဆက် ဖြစ်ပေမယ့် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေရဲ့ နောက်ကွယ်ကပုဂ္ဂိုလ်ကို စုံစမ်းသင့်ကြောင်း၊ ဖမ်းဆီးထားတဲ့မူးယစ်ဆေးဝါးများ က အလွန်စျေးများတာကြောင့် ဘယ်လိုဒုက္ခသည်မျိုးမှာမှ အဲလောက်ငွေပမာဏမရှိကြောင်း ၊ မူးယစ်ဆေးနဲ့ ပတ်သက်လို့ မှတ်ပုံတင်သိမ်းပေးတာတွေက ဘာမှအကျိုးရှိမှာမဟုတ်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ Khaisa က ပြောပါတယ်။

“အမှန်ကမူးယစ်ဆေးဝါးတွေဖမ်းဆီးတဲ့နောက်ကွယ်မှာ ဘယ်လိုပုဂ္ဂိုလ်တွေရှိလဲဆိုတာစုံစမ်းရ မှာ။အခုသတင်း တွေမှာတွေ့ရလေ့ရှိတဲ့ မီဇိုရမ်မှာဖမ်းဆီးထားတဲ့မူးယစ်ဆေးဝါးက အနည်းဆုံး ရူပီး သိန်း ၅၀ ကနေ အထက်ရှိနေတယ်။ တစ်ချို့က သိန်းရာချီတွေရှိတယ်။ အဲဒါကိုမြန်မာငွေနဲ့ပြန်တွက်လို့ရှိရင် သိန်းထောင်ချီ တယ်။အခုကျွန်တော်တို့ နိုင်ငံမှာငွေကြေးရှားပါးနေတယ်။ဆိုတော့ ဘယ်လိုဒုက္ခသည်က အဲလောက်ငွေကြေးရှိမှာ လဲပေါ့နော်။ အဲဒါတော်တော်လေးကိုစဉ်းစားရမယ့်အချက်လို့ထင်တယ်။ အိန္ဒိယဘက်ကသူဌေးတွေကလုပ်ခိုင်း တာလား၊ မြန်မာပြည်ကသူဌေးတွေကလုပ်ခိုင်းတာလား ဒါက မဖြစ်နိုင်ဘူးလို့လည်းပြောလို့မရသလိုဖြစ်မယ်လို့ လည်းပြောလို့မရဘူး။သူတို့က မူးယစ်ဆေးဝါးကို အမှန်တကယ်တိုက်ဖျက်မယ်ဆိုရင် မြန်မာမှတ်ပုံတင်ကို သိမ်းစရာမလိုပါဘူး။ လုပ်ချင်တဲ့လူက မှတ်ပုံတင်မရှိဘဲနဲ့အေးအေးဆေးဆေးလုပ်နိုင်မှာဘဲ ဒီခေတ်မှာ။ ချင်းပြည်နယ်မှာ ဟားခါးနဲ့ တီးတိန်မြို့ထဲမှာဘဲ စစ်ကောင်စီကရှိတော့တာ ဘယ်သွားသွားမှတ်ပုံတင်မှမလိုတော့ တာ။ဆိုတော့ သူတို့ဒီလိုလုပ်တာက သူတို့ရဲ့မကျွမ်းကျင်မှုကိုပေါ်လွင်စေတယ်လို့ဘဲ ကျွန်တော်ကတော့မှတ်ချက် ပေးချင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်ဘေးရှောင်များအနေဖြင့် မြန်မာနိုင်ငံနဲ့ မီဇိုရမ်ပြည်နယ်ကိုသွားလာလှုပ်ရှားခြင်းက ဒေသတွင်း ပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ “ သူတို့ကအစကတည်းက ကျွန်တော်တို့ ချင်းတွေကိုတောတော်နှိမ်ထားတာလေ။ ခေါင်းမထောင်နိုင်အောင် ချုပ်ချယ်ချင်တဲ့အနေ အထားလို့မြင်တယ်။တစ်ခုခုဆိုရင်တော့ လမ်းပိတ်မယ်၊ မောင်းထုတ်မယ်ဆိုတာတွေကြီးပဲလေ။ သူတို့ အမြင်မကြည်တာတစ်ခုခုတွေ့ရင်တော့ အမျိုးမျိုးကိုအကြောင်းပြတော့မှာလေ။ ကျွန်တော်တို့စစ်ဘေးရှောင်တွေ ထဲမှာတစ်ချို့ကလည်း အနေအထိုင်၊အပြောအဆိုမတတ်တာလည်းအများကြီးရှိတယ်လေ။ ဒါ့ကြောင့် ကျွန်တော်တို့ စစ်ဘေးရှောင်တွေအနေနဲ့အပြုအမူ၊ အနေအထိုင်၊အပြောအဆိုတွေ တော်တော်လေး တက်ဖို့လိုတယ်။”လို့ပြောပါတယ်။

လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီက သူတို့သိမ်းထားတဲ့ မြန်မာမှတ်ပုံတင်များအား အရေးကြီး လိုအပ်သူရှိလာပါက ပြန်လည်ထုတ်ပေးသွားမယ်လို့သိရပါတယ်။

သတင်း – Mickey

ပုံအညွှန်း – လုံးလေမြို့မြင်ကွင်း၊ မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

NUG ၊ PDF ကို လက်မခံကြောင်း  သက်သေပြသည့်အနေဖြင့် အိန္ဒိယ၊ အာသံတပ်ဖွဲ့က ရှင်းလင်းပြီး လက်နက်များသိမ်းယူခဲ့ ဆိုတဲ့ သတင်းအမှား

မေ ၂၆၊၂၀၂၅။ Zalen အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကို လက်မခံကြောင်း သက်သေပြသည့်အနေဖြင့် အိန္ဒိယနိုင်ငံ၊ အာသံတပ်ဖွဲ့က ရှင်းလင်းပြီး လက်နက်များသိမ်းယူခဲ့ဆိုတဲ့သတင်းကို သဇင်ဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်က ပြီးခဲ့တဲ့ မေလ ၁၉ ...

ဆက်ဖတ်ရန်